သရုပ်ဆောင်စည်ဖြိုးဟာအနုပညာလောကမှာအောင်မြင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူဟာ လတ်တလောမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရတာပါ။ သူဟာ နာမည်ကျော်အကြားအမြင်ဆရာမကြီးအီးတီရဲ့ တူအရင်းတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်ရသူလေး မော်ဒယ်ခင်လွှမ်းနဲ့လည်း ပျော်ရွှင်စရာကောင်းတဲ့အချစ်ခရီးလေးကိုအတူတကွလျှောက်လှမ်းနေကြတာပါ။ သူတို့နှစ်ယောက်ဟာ ဝါသနာပါရာအနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေကြတာပါ။ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှလေ့ရှိပြီး ပရိသတ်တွေကလည်းအားကျနေရတာပါ။
မနေ့ညကလည်း စည်ဖြိုးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်လေးတစ်ခုတင်ထားတာပါ။ ဒါကတော့ " ကျောက်မျက်အလုပ်ရယ်အနုပညာအလုပ်ရယ်..
ဘယ်ကပဲ ငွေဝင်ဝင် ကိုယ့်ကိုတော့အမြဲ ကန်တော့ရှာတယ်..
ကိုယ့်မွေးလ ဆိုတော့ပိုထူးခြားသွားတာပေါ့..
ကိုယ်ကလည်းဒါတွေအားလုံးစုပေးထားတာပါ..
ကောင်းကျိုုးလိုရာပြည့်စုံပါစေ..." ဆိုပြီး ချစ်သူလေးရဲ့ သိတတ်လိမ္မာမှုကိုရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။