“ချစ်စရာကောင်းလောက်အောင်အိုက်တင်တွေလုပ်ပြနေတဲ့ ခိုင်နှင်းဝေရဲ့ သမီးလေး”
celegabar.com
|
2019-09-18



ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ခိုင်နှင်းဝေကတော့ လတ်တလောမှာအနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကို ပိုမိုအားစိုက်လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရဟိတ မိခင်ကြီးလိုတောင် တင်စားခေါ်ဝေါ်ရလောက်အောင် လူမှုအကျိုးပြုလုပ်ငန်းတွေကို ဖြူစင်တဲ့စိတ်ထားလေးနဲ့ ကူညီမှုတွေပေးအပ်နေပြီး လက်ရှိမှာ မိဘမဲ့ကလေးသူငယ်လေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့အမည်ရတဲ့ ဂေဟာလေးကိုတည်ထောင်ကာ လူမမယ်ကလေးတွေကို မိခင်စိတ်အပြည့်အဝနဲ့ စောင့်ရှောက်မှုတွေပေးအပ်နေပါသေးတယ်။





ဒီလို ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်မှုတွေပေးနေတဲ့ကလေးတွေထဲကမှ ခိုင်နှင်းဝေရဲ့အိမ်အထိခေါ်ယူမွေးစားထားတဲ့ သမီးလေးရွှန်းဝတီခိုင်ဟာဆိုရင်လည်းအခုအချိန်မှာ တီတီတာတာလေးတွေ ပြောတတ်နေတဲ့အရွယ်လေးကိုရောက်နေပြီဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း ချစ်စရာကောင်းလောက်အောင် မေမေခိုင်နှင်းဝေကို ချွဲချွဲနွဲ့နွဲ့လေးတွေလုပ်လေ့ရှိတာကို ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလေ့ရှိပါတယ်။





လတ်တလောမှာလည်း သမီးလေးရွန်းရွန်းက မေမေခိုင်နှင်းဝေတစ်ယောက်အသည်းယားလောက်အောင် မျက်စောင်းလေးထိုးပြပြီးအိုက်တင်တွေလုပ်ပြနေတာကို ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ “မေ့သမီးလေး ကအိုက်တင်တွေ လုပ်တတ်ပြီ။ စားခါနီး ပူရင် မှုတ်စားတတ်နေပြီ။ မအိပ်ချင်ရင် မအိပ်ချင်ကြောင်း ပြောတတ်နေပြီ။ရေ သောက်ချင်ရင် ရေတောင်းသောက်တတ်နေပြီ။ မေ ပြောတဲ့ စကားတွေကို နားထောင်တတ်နေပြီ။ မေ လေတက်ရင် ရင်ဘတ်လေး ဖိပေးတတ်နေပြီ။ချစ်တယ် သမီးလေးရယ်။ မေ့သဲလေး တနေ့တနေ့ မေ့ကို ပိုကပ်လာရင် ဒီအမေ ရင်ထဲ ဖြစ်တဲ့ ပီတိက ပြောမပြတတ်လောက်အောင်ပါပဲ။” လို့ သမီးလေးရဲ့ သိတက်လိမ္မာမှုကြောင့် ပီတိတွေဖြစ်နေရတဲ့အကြောင်းကို ဖော်ပြထားပါတယ်။CeleGabarပရိသတ်ကြီးရေ ချစ်စရာကောင်းလှတဲ့ သမီးလေး ရွန်းရွန်းရဲ့ ဗီဒီယိုလေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။



Soure ; Khine Hnin Wai
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။




“ချစ်စရာကောင်းလောက်အောင် အိုက်တင်တွေလုပ်ပြနေတဲ့ ခိုင်နှင်းဝေရဲ့ သမီးလေး”

ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ခိုင်နှင်းဝေကတော့ လတ်တလောမှာ အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကို ပိုမိုအားစိုက်လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရဟိတ မိခင်ကြီးလိုတောင် တင်စားခေါ်ဝေါ်ရလောက်အောင် လူမှုအကျိုးပြုလုပ်ငန်းတွေကို ဖြူစင်တဲ့စိတ်ထားလေးနဲ့ ကူညီမှုတွေပေးအပ်နေပြီး လက်ရှိမှာ မိဘမဲ့ကလေးသူငယ်လေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာလေးကိုတည်ထောင်ကာ လူမမယ်ကလေးတွေကို မိခင်စိတ်အပြည့်အဝနဲ့ စောင့်ရှောက်မှုတွေပေးအပ်နေပါသေးတယ်။

ဒီလို ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်မှုတွေပေးနေတဲ့ကလေးတွေထဲကမှ ခိုင်နှင်းဝေရဲ့ အိမ်အထိခေါ်ယူမွေးစားထားတဲ့ သမီးလေးရွှန်းဝတီခိုင်ဟာဆိုရင်လည်း အခုအချိန်မှာ တီတီတာတာလေးတွေ ပြောတတ်နေတဲ့ အရွယ်လေးကိုရောက်နေပြီဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း ချစ်စရာကောင်းလောက်အောင် မေမေခိုင်နှင်းဝေကို ချွဲချွဲနွဲ့နွဲ့လေးတွေလုပ်လေ့ရှိတာကို ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလေ့ရှိပါတယ်။

လတ်တလောမှာလည်း သမီးလေးရွန်းရွန်းက မေမေခိုင်နှင်းဝေတစ်ယောက် အသည်းယားလောက်အောင် မျက်စောင်းလေးထိုးပြပြီး အိုက်တင်တွေလုပ်ပြနေတာကို ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ “မေ့သမီးလေး က အိုက်တင်တွေ လုပ်တတ်ပြီ။ စားခါနီး ပူရင် မှုတ်စားတတ်နေပြီ။ မအိပ်ချင်ရင် မအိပ်ချင်ကြောင်း ပြောတတ်နေပြီ။ရေ သောက်ချင်ရင် ရေတောင်းသောက်တတ်နေပြီ။ မေ ပြောတဲ့ စကားတွေကို နားထောင်တတ်နေပြီ။ မေ လေတက်ရင် ရင်ဘတ်လေး ဖိပေးတတ်နေပြီ။ချစ်တယ် သမီးလေးရယ်။ မေ့သဲလေး တနေ့တနေ့ မေ့ကို ပိုကပ်လာရင် ဒီအမေ ရင်ထဲ ဖြစ်တဲ့ ပီတိက ပြောမပြတတ်လောက်အောင်ပါပဲ။” လို့ သမီးလေးရဲ့ သိတက်လိမ္မာမှုကြောင့် ပီတိတွေဖြစ်နေရတဲ့ အကြောင်းကို ဖော်ပြထားပါတယ်။CeleGabarပရိသတ်ကြီးရေ ချစ်စရာကောင်းလှတဲ့ သမီးလေး ရွန်းရွန်းရဲ့ ဗီဒီယိုလေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။


Soure ; Khine Hnin Wai
Chilli – CeleGabar




Some text some message..