“ဇာတ်ကားထဲမှာရေကူးဝတ်စုံ ဝတ်ဆင်ရမှာကြောင့် ပရိသတ်ကိုကြိုတင်တောင်းပန်လိုက်တဲ့ မေမီကိုကို”
celegabar.com
|
2019-09-18



မြိုင်လို့လူသိများတဲ့ မေမီကိုကိုကတော့ MRTV-4 ရုပ်သံဇာတ်လမ်းကနေ ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတဲ့အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။”ပျားရည်အိုင်”ဇာတ်လမ်းတွဲကနေပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းတွဲတွေကိုအကောင်းဆုံးနဲ့ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် Star Award ဆုကို ထိုက်တန်စွာနဲ့ ချီးမြှင့်ခြင်းခံခဲ့ရတဲ့ သူတစ်ယောက်ပါ။လက်ရှိမှာလည်း ပြသနေတဲ့ “ကိုလူပျို” ဇာတ်လမ်းတွဲနဲ့ “တတိယမြောက်ဆုံမှတ်”ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။




မေမီကိုကိုဟာအနုပညာအလုပ်တွေအပြင် လက်ရှိမှာတော့အစ်မဖြစ်သူနဲ့အတူ ဖက်ရှင်ဆိုင်လေးကို ဖွင့်လှစ်ထားတာဖြစ်ပြီး ဆိုင်ကအဝတ်အစားလေးတွေကို ကိုယ်တိုင် ကြော်ငြာမင်းသမီးတစ်ယောက်အနေနဲ့ပါ ရိုက်ကူးမှုတွေပြုလုပ်တယ်လို့ သိရပါတယ်။ ဆိုင်ကိုလာရောက်အားပေးတဲ့ ပရိသတ်တွေကိုလည်း မေမီကိုကိုက ကိုယ့်ကိုယ်ကိုအနုပညာရှင်တစ်ယောက်လို့ သဘောမထားဘဲ ရင်းနှီးဖော်ရွေစွာဆက်ဆံတတ်တာကြောင့် ဆိုင်လေးကရောင်းအားကောင်းပြီးအောင်မြင်မှုတွေကို ရရှိနေတယ်လို့ လည်း သိရပါသေးတယ်။ မေမီကိုကိုကတော့ နောက်ထပ်လည်းအခွင့်အရေးရရင် စားသောက်ဆိုင်လေးဖွင့်ဖို့ ကြိုးစားနေသူတစ်ယောက်ပါ။




အနုပညာလှုပ်ရှားမှုတစ်ခုအနေနဲ့ကတော့ “PLAYER” ရုပ်ရှင်ဇာတ်ကားမှာအဓိကသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မေမီကိုကိုအတွက်အဝတ်အစားပိုင်းက စိန်ခေါ်မှုတစ်ခုဖြစ်နေတာဖြစ်ပြီး ရေကူးဝတ်စုံနဲ့ရိုက်ကူးရမယ့်အခန်းပါနေတာကြောင့် စိုးရိမ်မှုတွေ ယခုကတည်းက ခံစားနေရတယ်လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ မေမီကိုကိုဟာ တစ်ခါမှမဝတ်ဖူးတဲ့အဝတ်ကို ဝတ်ရမှာမို့ ပရိသတ်တွေအတွက် မလှဘဲနဲ့ ရွံစရာကောင်းနေမှာကို စိုးရိမ်နေသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေအတွက်အမြင်ရိုင်းသွားမယ်ဆိုရင်လည်း နားလည်ပေးပါလို ကြိုတင်တောင်းပန်ထားပါသေးတယ်။ဒါ့အပြင် ယခုလိုဝတ်ဆင်တာဟာ ဇာတ်ကားထဲမှာ ကာရိုက်တာပိုင်းအရဝတ်ဆင်ရတာဖြစ်ပြီးအပြင်မှာ ယခုလို ဝတ်စားဖို့အစီအစဉ်မရှိကြောင်း ပရိသတ်တွေကို ကတိပေးစကားလည်း ပြောကြားခဲ့တာဖြစ်ပါတယ်။



Source:Exclusive on CeleGabar
ချစ်သဲမေ @ CeleGabar




ယူနီကုတ်ဖြင့်ဖတ်ရန်

“ဇာတ်ကားထဲမှာရေကူးဝတ်စုံ ဝတ်ဆင်ရမှာကြောင့် ပရိသတ်ကိုကြိုတင်တောင်းပန်လိုက်တဲ့ မေမီကိုကို”

မြိုင်လို့လူသိများတဲ့ မေမီကိုကိုကတော့ MRTV-4 ရုပ်သံဇာတ်လမ်းကနေ ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။”ပျားရည်အိုင်”ဇာတ်လမ်းတွဲကနေပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းတွဲတွေကို အကောင်းဆုံးနဲ့ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် Star Award ဆုကို ထိုက်တန်စွာနဲ့ ချီးမြှင့်ခြင်းခံခဲ့ရတဲ့ သူတစ်ယောက်ပါ။လက်ရှိမှာလည်း ပြသနေတဲ့ “ကိုလူပျို” ဇာတ်လမ်းတွဲနဲ့ “တတိယမြောက်ဆုံမှတ်”ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။




မေမီကိုကိုဟာ အနုပညာအလုပ်တွေအပြင် လက်ရှိမှာတော့ အစ်မဖြစ်သူနဲ့အတူ ဖက်ရှင်ဆိုင်လေးကို ဖွင့်လှစ်ထားတာဖြစ်ပြီး ဆိုင်ကအဝတ်အစားလေးတွေကို ကိုယ်တိုင် ကြော်ငြာမင်းသမီးတစ်ယောက်အနေနဲ့ပါ ရိုက်ကူးမှုတွေပြုလုပ်တယ်လို့ သိရပါတယ်။ ဆိုင်ကိုလာရောက်အားပေးတဲ့ ပရိသတ်တွေကိုလည်း မေမီကိုကိုက ကိုယ့်ကိုယ်ကို အနုပညာရှင်တစ်ယောက်လို့ သဘောမထားဘဲ ရင်းနှီးဖော်ရွေစွာဆက်ဆံတတ်တာကြောင့် ဆိုင်လေးကရောင်းအားကောင်းပြီး အောင်မြင်မှုတွေကို ရရှိနေတယ်လို့ လည်း သိရပါသေးတယ်။ မေမီကိုကိုကတော့ နောက်ထပ်လည်း အခွင့်အရေးရရင် စားသောက်ဆိုင်လေးဖွင့်ဖို့ ကြိုးစားနေသူတစ်ယောက်ပါ။


အနုပညာလှုပ်ရှားမှုတစ်ခုအနေနဲ့ကတော့ PLAYER ရုပ်ရှင်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မေမီကိုကိုအတွက် အဝတ်အစားပိုင်းက စိန်ခေါ်မှုတစ်ခုဖြစ်နေတာဖြစ်ပြီး ရေကူးဝတ်စုံနဲ့ရိုက်ကူးရမယ့် အခန်းပါနေတာကြောင့် စိုးရိမ်မှုတွေ ယခုကတည်းက ခံစားနေရတယ်လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ မေမီကိုကိုဟာ တစ်ခါမှမဝတ်ဖူးတဲ့ အဝတ်ကို ဝတ်ရမှာမို့ ပရိသတ်တွေအတွက် မလှဘဲနဲ့ ရွံစရာကောင်းနေမှာကို စိုးရိမ်နေသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေအတွက် အမြင်ရိုင်းသွားမယ်ဆိုရင်လည်း နားလည်ပေးပါလို ကြိုတင်တောင်းပန်ထားပါသေးတယ်။ဒါ့အပြင် ယခုလိုဝတ်ဆင်တာဟာ ဇာတ်ကားထဲမှာ ကာရိုက်တာပိုင်းအရဝတ်ဆင်ရတာဖြစ်ပြီး အပြင်မှာ ယခုလို ဝတ်စားဖို့ အစီအစဉ်မရှိကြောင်း ပရိသတ်တွေကို ကတိပေးစကားလည်း ပြောကြားခဲ့တာဖြစ်ပါတယ်။
Source:Exclusive on CeleGabar
ချစ်သဲမေ @ CeleGabar




Some text some message..