“နိုင်ငံကျော်မင်းသားအောင်ရဲလင်းနဲ့ တွဲဖက်ပြီးအနုပညာအလုပ်တွေတွဲလုပ်နေပြီဖြစ်တဲ့ မေမြင့်မိုရ် “
celegabar.com
|
2019-09-19



မေမြင့်မိုရ်ဟာဆိုရင်ဖြင့် ဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာတည်းက ” ပန်းနုသွေး”အနေနဲ့ ပရိသတ်တွေစတင်အားပေးခံခဲ့ရသူလေးပဲဖြစ်ပါတယ်။ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့အရိပ်ဇာတ်လမ်းတွဲမှာလည်း ” စုစုလှိုင် “အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပုဂံမြို့သူဇာတ်ကား မှာလည်း ”အစော” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှုအပြည့်အဝရရှိထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာလည်း ” Star Awards 2018 Rising Star ” ဆုကို ပူပူနွေးနွေး ရရှိထားသူတစ်ယောက်ပါနော်။ယောကျာ်းလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခံရတဲ့ မော်ဒယ်လ် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။




သူမပါဝင်ထားတဲ့ ” Crush ” ရုပ်ရှင်ကားကြီးကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပြီး ရုပ်ရှင်ကားကြီးတော်တော်များများမှာ ပါဝင်လာတဲ့အောင်မြင်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။လက်ရှိမှာလည်း မိသားစုနဲ့အတူအနောက်နိုင်ငံတွေကို ကမ္ဘာပတ်နေတာပဲ ဖြစ်ပြီး မြင်သူတိုင်းငေးမောရလောက်တဲ့ ခရီးသွားအလှပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ဝေမျှလျက် ရှိတာပဲ ဖြစ်ပါတယ်။ထပ်မံပြီး ”အကယ်ဒမီ လူမင်း၊ကောင်းမြတ်စံ၊ထူးအောင်၊ဘုန်းဆက်သွင်၊အောင်ရဲထိုက်၊လပြည့်၊စိုပြေမြင့်အောင်ခန့်မှူး၊မင်းသူ၊ညီနန္ဒ၊သက်ဦးကို၊Mikis Weber၊သွန်းသစ္စာဇော်၊နော်ဖောအယ်ထား တို့နဲ့အတူ ဇာတ်လမ်းတွဲအသစ် ဖြစ်တဲ့ ” ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲမှာ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။




ချမ်းသာတဲ့မိသားစုမှာအငယ်ဆုံးသမီးဖြစ်ပြီး ..ထက်မြက်လှပတဲ့အပြင် မာနကြီးပြီးအနိုင်ယူ ယှဉ်ပြိုင်လိုစိတ်ရှိတဲ့ သူဌေးသမီးလေးတစ်ယောက် ဖြစ်ပြီး နိုင်ငံခြားကပြန်လာပြီးနောက်အချိန်တိုတိုအတွင်း စီးပွားရေးနယ်ပယ်မှာအောင်မြင်လာကြာ Social Media များမှာဝန်းရံခြင်း ခံလာရတဲ့ ” မေထက်ချို ”အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။လက်ရှိမှာလည်း နိုင်ငံကျော်မင်းသားအောင်ရဲလင်းနဲ့ တွဲဖက်ကာအနုပညာအလုပ်တွေလုပ်နေတဲ့ ရှူတင်ပုံရိပ်လေးကို သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း မေမြင့်မိုရ်နဲ့အောင်ရဲလင်းတို့ကိုအားပေးသဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။




Source : May Myint Mo
Shwe Poe – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

“နိုင်ငံကျော်မင်းသားအောင်ရဲလင်းနဲ့ တွဲဖက်ပြီး အနုပညာအလုပ်တွေတွဲလုပ်နေပြီဖြစ်တဲ့ မေမြင့်မိုရ် ”

မေမြင့်မိုရ်ဟာဆိုရင်ဖြင့် ဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာတည်းက ” ပန်းနုသွေး” အနေနဲ့ ပရိသတ်တွေစတင်အားပေးခံခဲ့ရသူလေးပဲဖြစ်ပါတယ်။ပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့အရိပ်ဇာတ်လမ်းတွဲမှာလည်း ” စုစုလှိုင် “အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပုဂံမြို့သူဇာတ်ကား မှာလည်း ” အစော” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာလည်း ” Star Awards 2018 Rising Star ” ဆုကို ပူပူနွေးနွေး ရရှိထားသူတစ်ယောက်ပါနော်။ယောကျာ်းလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးခံရတဲ့ မော်ဒယ်လ် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။

သူမပါဝင်ထားတဲ့ ” Crush ” ရုပ်ရှင်ကားကြီးကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပြီး ရုပ်ရှင်ကားကြီးတော်တော်များများမှာ ပါဝင်လာတဲ့ အောင်မြင်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။လက်ရှိမှာလည်း မိသားစုနဲ့အတူ အနောက်နိုင်ငံတွေကို ကမ္ဘာပတ်နေတာပဲ ဖြစ်ပြီး မြင်သူတိုင်းငေးမောရလောက်တဲ့ ခရီးသွားအလှပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ဝေမျှလျက် ရှိတာပဲ ဖြစ်ပါတယ်။ထပ်မံပြီး ” အကယ်ဒမီ လူမင်း၊ကောင်းမြတ်စံ၊ထူးအောင်၊ဘုန်းဆက်သွင်၊အောင်ရဲထိုက်၊လပြည့်၊စိုပြေမြင့် အောင်ခန့်မှူး၊မင်းသူ၊ညီနန္ဒ၊သက်ဦးကို၊Mikis Weber၊သွန်းသစ္စာဇော်၊နော်ဖောအယ်ထား တို့နဲ့အတူ ဇာတ်လမ်းတွဲအသစ် ဖြစ်တဲ့ ” ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲမှာ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။

ချမ်းသာတဲ့မိသားစုမှာ အငယ်ဆုံးသမီးဖြစ်ပြီး ..ထက်မြက်လှပတဲ့အပြင် မာနကြီးပြီး အနိုင်ယူ ယှဉ်ပြိုင်လိုစိတ်ရှိတဲ့ သူဌေးသမီးလေးတစ်ယောက် ဖြစ်ပြီး နိုင်ငံခြားကပြန်လာပြီးနောက် အချိန်တိုတိုအတွင်း စီးပွားရေးနယ်ပယ်မှာအောင်မြင်လာကြာ Social Media များမှာဝန်းရံခြင်း ခံလာရတဲ့ ” မေထက်ချို ” အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။လက်ရှိမှာလည်း နိုင်ငံကျော်မင်းသား အောင်ရဲလင်းနဲ့ တွဲဖက်ကာ အနုပညာအလုပ်တွေလုပ်နေတဲ့ ရှူတင်ပုံရိပ်လေးကို သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း မေမြင့်မိုရ်နဲ့ အောင်ရဲလင်းတို့ကို အားပေးသဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။


Source : May Myint Mo
Shwe Poe – CeleGabar




Some text some message..