MasterChef Myanmar ဒိုင်တွေကို ပြိုင်ပွဲဝင်အချို့အကြီးအကျယ်စိတ်ပျက်
popolay.com
|
2019-09-23

မနေ့ညက MRTV 4 ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့တဲ့ MasterChef Myanmar Season 2 ရဲ့ Top 11 ယှဉ်ပြိုင်မှုမှာ ပြိုင်ပွဲဝင်အချို့က ဒိုင်လူကြီးတွေကိုအကြီးအကျယ်စိတ်ပျက်နေပါတယ်။ သူတို့ ဘယ်လောက်ပင် ကြိုးစားအားကြထုတ်ပေမယ့် ဘက်လိုက်မှုတွေ မမျှတမှုတွေ ရှိနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
ယခင်တစ်ပတ်ကလည်း “ဒီပုံစံအတိုင်းဆိုရင် MasterChef Myanmar Season 2 မှာ Winner တစ်ယောက်မှ ရှိမှာမဟုတ်ဘူး” လို့ ဒိုင်လူကြီး ဒေါ်ဖြူဖြူတင် က ပြိုင်ပွဲဝင်တွေအားလုံးကို ခပ်ပြင်းပြင်း သတိပေးခဲ့ပါတယ်။
ပြိုင်ပွဲဝင်တွေထဲကအချိုသောသူတွေဟာလည်း စိတ်ပျက်အားလျှော့စပြုလာနေပါတယ်။ ဒီပြိုင်ပွဲဝင်တွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာအားပေးနေပေမယ့် ဒီလိုမျိုး ခဏခဏ လိုက်အားမပေးနိုင်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။
Team Challenge ပြိုင်ပွဲအတွက် “ဆီထမင်း” ကို နှစ်ယောက်တစ်တွဲ ချက်ပြုတ်ပြင်ဆင်ကြတဲ့အခါအတွဲမညီလို့ သဘောထားတွေကွဲလွဲပြီးအချင်းခြင်း စိတ်ပျက်တာတွေ ဒေါသဖြစ်တာတွေလည်း ရှိခဲ့ကြပါတယ်။
Bottom ကျသူတွေအားလုံးက စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာ Pressure Testအတွက် ချက်ပြုတ်ရမယ့် “မုန့်ဦးနှောက်” ကို တွေ့လိုက်ရတဲ့အခါမှာတော့ လုံးဝပြိုင်ချင်စိတ်တောင် မရှိတော့ဘူးလို့ ‘မရွှန်းရွှန်းအောင်’ က ဆိုပါတယ်။
Pressure Test မှာ ပြိုင်ပွဲဝင် “နိုင်ဇော်” ကို ဒိုင်လူကြီး ‘ဦးရှာကီ’ နဲ့ ‘ဒေါ်ဖြူဖြူတင်’ တို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ သူက ဒိုင်တွေကို လုံးဝတရားမျှတမှုမရှိဘူးလို့ ပြန်လည် ဝေဖန်ခဲ့ပါတယ်။
MasterChef Myanmar ကနေ မနေ့ညက ထွက်ခွာသွားခဲ့ရတဲ့ “ပြည့်ပြည့်” ကတော့ ဒိုင်တွေအခုလို ဘာကြောင့်ဆုံးဖြတ်လိုက်ရတာလဲဆိုတာကို ဒိုင်တွေနဲ့ ဒီပွဲကို စီစဉ်နေတဲ့ သူတွေသာအသိဆုံးဖြစ်မှာပါလို့ ပြောဆိုခဲ့ပါတယ်။


Top 10အဆင့်ကို ရောက်လာပြီဖြစ်တဲ့ MasterChef Myanmar ပြိုင်ပွဲရဲ့အရှိန်ကလည်း မြင့်လာပါပြီ ဒါပေမယ့် ဒီနှစ်မှာတော့ ဒိုင်တွေအရမ်းစိတ်တိုင်းကျတဲ့ Talent တစ်ယောက်ကိုမှ တင်းပြည့်ကျပ်ပြည့် ရှာမတွေ့သေးတာတော့ သေချာပါတယ်။




Some text some message..