သက်သေအခိုင်အမာရှိတာကြောင့် ခင်ပွန်းဖြစ်သူရဲ့တရားစွဲဆိုမှုကို ပြန်လည်တုံ့ပြန်သွားတော့မယ့် Goo Hye Sun
celegabar.com
|
2019-09-25

ပရိသတ်တွေစိတ်ပူနေရတဲ့ မင်းသမီးချော Goo Hye Sun နဲ့ခင်ပွန်းဖြစ်သူတို့ရဲ့ အိမ်ထောင်ရေးသတင်းဟာ ဆိုးသထက်ပိုဆိုးလာခဲ့ပါပြီ။ လူတွေကေတော့အမြင်အမျိုးမျိုးနဲ့ ဝေဖန်မှုတွေများနေကြပေမဲ့အခုဆိုရင် တရားရုံးမှာရင်ဆိုင်ဖြေရှင်းကြတော့မယ့် အခြေအနေရောက်လာပြီလို့ဆိုရပါမယ်။မင်းသား Ahn Jae Hyun ဟာ ဇနီးဖြစ်သူ Goo Hye Sunဘက်က ကွာရှင်းခွင့်မပေးတာကြောင့် တရားရုံးကိုဦးတိုက်လျှောက်ထားခဲ့ပါတယ်။

Goo Hye Sun ဟာ အိမ်ထောင်ရေးအကွဲအပြဲသတင်းတွေစတင်ထွက်ပေါ်လာကတည်းက မိသားစုကိုကာကွယ်ချင်တယ်လို့ပြောခဲ့သူပါ။အတတ်နိုင်ဆုံးအိမ်ထောင်ရေးကို ထိန်းသိမ်းချင်သေးတဲ့ သူမရဲ့ဆန္ဒကတော့မပြီးမြောက်တော့မယ့်ပုံပါပဲ။အခုဆိုရင် တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ထိုးနှက်ရင်း ကွာရှင်းပြတ်စဲတော့မယ့်အခြေအနေကို ဦးတည်လာခဲ့ပါပြီ။

Goo Hye Sun ဟာ တရားရုံးကိုကွာရှင်းဖို့အတွက် ဦးတိုက်လျှောက်ထားခဲ့တဲ့ခင်ပွန်းဖြစ်သူကြောင့် ပြန်လည်ရင်ဆိုင်သွားတော့မှာဖြစ်ပါတယ်။ ကောလဟာလအမျိုးမျိုးရှိပေမဲ့ မင်းသမီးကတော့ခင်ပွန်းဖြစ်သူဟာ တွဲဖက်သရုပ်ဆောင်မင်းသမီးတစ်ဦးနဲ့ဖောက်ပြန်နေတယ်လို့ အတိအလင်းပြောခဲ့သူပါ။အခုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးသက်သေအတိအကျရှိတယ်လို့ဆိုပါတယ်။ အရမ်းချစ်ခဲ့ကြပြီး (၃)နှစ်ကျော်ကြာအောင်လက်တွဲခဲ့ဖူးတဲ့ သူမတို့စုံတွဲရဲ့အဆုံးသတ်ကတော့ တကယ့်ကိုစိတ်မကောင်းစရာပါပဲနော်…။
Source:koreaboo
Sweet – CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

Some text some message..