“သမီးလေးရဲ့ မွေးနေ့မှာ သမီးလေးကိုယ်စား လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့ ဖေဖေ ပိုင်ဇေရဲထွန်းနဲ့ မေမေ ဇင်သဲနိုင်”
celegabar.com
|
2019-09-26

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ပိုင်ဇေရဲထွန်းကတော့ ချစ်စရာဇနီးချောလေးကို ပိုင်ဆိုင်ထားပြီး မိန်းမကိုသည်းသည်းလှုပ်ဂရုစိုက်တတ်သူပဲဖြစ်ပါတယ်။ဇင်သဲနိုင်ဟာဆိုရင်လည်း ချစ်စရာကောင်းတဲ့အပြင် ထက်မြက်တဲ့ မိန်းကလေးတစ်ဦးလည်းဖြစ်ပါတယ်။ ဇင်သဲနိုင်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း Women Leader Program (2019) ပွဲကြီးကို တက်ရောက်ခဲ့တဲ့ အထိကို ထူးချွန်ထက်မြတ်တဲ့ သူတစ်ယောက်ပါ။

လက်ရှိမှာတော့ “Art & J Myanmar” ကျောက်မျက်ရတနာဆိုင်လေးကို ဦးဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး တစ်ဦးဖြစ်တဲ့ အပြင် ခင်ပွန်းနဲ့အတူ ချစ်စရာကောင်းတဲ့သားသားလေးနှစ်ယောက် သမီးလေးတစ်ယောက်တို့ကို ပြုစုစောင့်ရှောက်နေတဲ့ အိမ်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၅)ရက်နေ့ကတော့ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့ရဲ့ သမီးလေးဖြစ်တဲ့ “ငြိမ်းခင်ခင်ဝိုင်” ရဲ့ အသက်(၁၃)နှစ်ပြည့်မြောက်တဲ့ နေ့လေးပဲဖြစ်ပါတယ်။

ဒီမွေးနေ့ရက်မြတ်လေးမှာတော့ မွေးနေ့ရှင်သမီးလေးက ကျောင်းတက်နေရတာကြောင့် ဖေဖေနဲ့ မေမေတို့ကပဲ နေ့ဆွမ်းနဲ့ဝတ္ထုငွေဆပ်ကပ်လှူဒါန်းပေးခဲ့တဲ့ အကြောင်းကို “မီးမီးကျောင်းသွားနေတော့ ကိုယ်စား ဖေဖေနဲ့မေမေက ဆရာတော်သံဃာ အပါး(၂၀)ကိုနေ့ဆွမ်းနဲ့ နဝကမ္မဝတ္ထုငွေဆပ်ကပ်လှူဒါန်းပေးပါတယ်။”လို့ ဇင်သဲနိုင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။သမီးလေး ဘုန်းကြီးလို့အသက်ရှည်လိုရာဆန္ဒပြည့်ပါစေဖို့ကိုလည်း ဆုတောင်းပေးထားပါသေးတယ်။

Source : Zin Thae Naing
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

Some text some message..