ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ခိုင်နှင်းဝေကတော့ လတ်တလောမှာ အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကို ပိုမိုအားစိုက်လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရဟိတ မိခင်ကြီးလိုတောင် တင်စားခေါ်ဝေါ်ရလောက်အောင် လူမှုအကျိုးပြုလုပ်ငန်းတွေကို ဖြူစင်တဲ့စိတ်ထားလေးနဲ့ ကူညီမှုတွေပေးအပ်နေပြီး လက်ရှိမှာ မိဘမဲ့ကလေးသူငယ်လေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာလေးကိုတည်ထောင်ကာ လူမမယ်ကလေးတွေကို မိခင်စိတ်အပြည့်အဝနဲ့ စောင့်ရှောက်မှုတွေပေးအပ်နေပါသေးတယ်။
ဒီလို ကိုယ်တိုင်ကိုယ်ကျ စောင့်ရှောက်မှုတွေပေးနေတဲ့ကလေးတွေထဲကမှ ခိုင်နှင်းဝေရဲ့ အိမ်အထိခေါ်ယူမွေးစားထားတဲ့ သမီးလေးရွှန်းဝတီခိုင်ဟာဆိုရင်လည်း အခုအချိန်မှာ တီတီတာတာလေးတွေ ပြောတတ်နေတဲ့ အရွယ်လေးကိုရောက်နေပြီဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း ချစ်စရာကောင်းလောက်အောင် မေမေခိုင်နှင်းဝေကို ချွဲချွဲနွဲ့နွဲ့လေးတွေလုပ်လေ့ရှိတာကို ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလေ့ရှိပြီး ပရိသတ်တွေကလည်း အချစ်တွေပိုနေရတဲ့အထိဖြစ်နေကြတာပါ။
လတ်တလောမှာလည်း မေမေခိုင်နှင်းဝေက သမီးလေးရွှန်းရွှန်းနဲ့အတူတူ Junction City မှာပြုလုပ်တဲ့ ဈေးရောင်းပွဲလေးတစ်ခုကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။မေမေခိုင်နှင်းဝေကတော့ သူမတို့သားအမိနှစ်ယောက်ရှိနေတဲ့ ဒီပွဲလေးကို ပရိသတ်တွေလာရောက်ဖို့ကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။CeleGabarပရိသတ်ကြီးရေ မေမေခိုင်းနှင်းဝေနဲ့ မီးမီးလေး ရွှန်းရွှန်းတို့ရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
Source : Khine Hnin Wai
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။
“သမီးလေးနဲ့ အတူတူပွဲတက်လာတဲ့ မေမေခိုင်နှင်းဝေ”