
BTS အဖွဲ့ဝင် J-hope နဲ့ Becky G တို့ရဲ့ပေါင်းစည်းမှုကတော့ သိပ်မကြာမီ ပရိသတ်တွေ
နားဆင်ခံစားရတော့မှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၃နာရီလောက်က နှစ်ယောက်သား တွစ်တာမှာ Collab ဖြစ်မယ့် အရိပ်မြွက်တွေပေးခဲ့ရာမှ ဒီကနေ ၂၇ရက် မနက်ပိုင်းမှာတော့ J-Hope က သူ့ရဲ့ Solo New Track အတွက် အမေရိကန်အဆိုတော် Becky G က Featuring ဆိုပေးသွားမှာဖြစ်ကြောင်း ပြောပြလာပါတယ်။
Soooo…
#BeckyHasAnotherSecret
— Becky G. (@iambeckyg)
September 26, 2019
သီချင်းအတွက် J-Hope ဟာ အခုလောလောဆယ် အကလေ့ကျင့်နေတယ်လို့ သိရပါတယ်။
Hey
@iambeckyg
, I have a secret, too…
#CNS
— 방탄소년단 (@BTS_twt)
September 26, 2019
သူ့ရဲ့သီချင်းကို Lumpens က ရိုက်ကူးပေးသွားမှာဖြစ်ပြီး သီချင်းဗီဒီယိုအတွက်လည်း
အများကြီး အားစိုက်နေကြပါတယ်။
သူတို့နှစ်ယောက်ရဲ့ collaboration အတွက် စိတ်လှုပ်ရှားနေပြီလား… ပရိသတ်တွေရေ..