နေရဲဆိုတာ အထူးမိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဝါရင့် ဇာတ်ပို့သရုပ်ဆောင် ခင်လှိုင်ရဲ့ သားတစ်ယောက်ဖြစ်ပြီး ခင်လှိုင်ရဲ့ အနုပညာအမွေကို ဆက်ခံနေတဲ့ အနုပညာလောကနဲ့ မစိမ်းတဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။” ရတနာပုံ ” ဇာတ်လမ်းတွဲမှာ ပရိသတ်တွေစတင် သတိထားမိလာကာ ရုပ်ရှင်ကားကြီးတွေပါ ရိုက်ကူးလာသူပါ။ ထို့ပြင် ညီမချောချောလေးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးလေး သဇင်ထူးမြင့်ကြောင့်လည်း ယောကျာ်းလေးပရိသတ်တွေရဲ့ ယောက်ဖလို့ ခေါ်ခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။
လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ” Oxygen ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို မြင့်မြတ် ၊မိုးအောင်ရင်တို့နဲ့အတူ ရိုက်ကူးခဲ့တာဖြစ်ပြီး ” နဂါး ” ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ကာ ခပ်ဆိုးဆိုးလူမိုက်တစ်ယောက်ဖြစ်ပြီး အဖေ့ရဲ့ တပည့်တပန်းတွေနဲ့ ဆိုးသွမ်းတဲ့ လူငယ်တစ်ယောက်အဖြစ် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ဇာတ်ကားထဲမှာမြင့်မြတ်နဲ့ ညီအစ်ကို သူငယ်ချင်းလို ဖြစ်ပြီး တူတူဆိုးကြတဲ့ ဆိုးဖော်ဆိုးဖက်အနေနဲ့ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။အောက်တိုဘာလမှာ ရုံတင်တော့မယ့် ခင်လှိုင် ပထမဆုံးဒါရိုက်တာအနေနဲ့ စတင်ရိုက်ကူးထားတဲ့ ” ချိုးရုပ် ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဇာတ်ဝင်သီချင်း လေးဆိုထားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ (၂၄)ရက်နေ့ကတော့ သရုပ်ဆောင် မင်းသား နေရဲ ရဲ့ ( ၂၅ )နှစ်မြောက် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ( ၂၅ )နှစ်မြောက် မွေးနေ့အလှူမင်္ဂလာအဖြစ် စတုဒီသာထမင်းနှင့်သီးစုံပဲ ကုလားဟင်း၊ငါးခြောက်ကြော်၊ဘဲဥဟင်း၊ကြက်သားဟင်း တို့နဲ့ စတုဒီတာ အလှူ ပြုလုပ်ခဲ့ပါတယ်။ သရုပ်ဆောင်ဘက်သာမက အဆိုဘက်ပါ ဝါသနာ ပါတဲ့ နေရဲကတော့ လူမှုကွန်ရက်စာမျက်နှာမှာ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုမြင့်မားနေတဲ့ ဟန်နေတာ ရဲ့ မိုးမခအိပ်မက်ခရမ်းပြာ သီချင်း ကို အံ့သြရလောက်အောင် ညစာစားပွဲမှာ သီဆိုပြခဲ့တာကြောင့် ပရိသတ်တွေရဲ့ သဘောကျနှစ်ခြိုက်တဲ့ မှတ်ချက်တွေ ရရှိနေတာ ပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း နေရဲ ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source :Nay Ye
Shwe Poe – Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
” လူမှုကွန်ရက်စာမျက်နှာမှာ လူကြိုက်များနေတဲ့ ဟန်နေတာ ရဲ့ မိုးမခအိပ်မက်ခရမ်းပြာ သီချင်း ကို အံ့သြရလောက်အောင် သီဆိုပြခဲ့တဲ့ နေရဲ ”