” ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာဦးမည့် ဝေလရဲ့ “စာရိတ္တ” “
celegabar.com
|
2019-09-28

နိုင်ငံကျော် အဆိုတော် ဝေလရဲ့ တေးစီးရီးအသစ်ဖြစ်တဲ့ “စာရိတ္တ” ကတော့ မကြာခင်ထွ့်ရှိတော့မည့်အကြောင်းကို ” ကိုဝေလ ရဲ့ “စာရိတ္တ” ခွေကိုဝင်းရံပြီလေ အကြိုက်ဆုံးတွေထဲက အကြိုက်ဆုံး သီချင်းကတော့ – နောက်ဆုံးလက်ဆောင် ဆိုတဲ့သီချင်းပဲ Pre order များလည်း Bo Bo Music production page မှာ မှာယူနိင်ပါပြီ ” လို့ Bo Bo Music productionမှ တာဝန်ရှိသူ ကိုဘိုဆန်းရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။ထိုတေးစီးရီးကတော့ အောက်တိုဘာလ(၃)ရက်နေံတွင် စတင်ဖြန့်ချီမှာဖြစ်ပြီး

ဝေလရဲ့ တေးစီးရီးကတော့ မထွက်ခင်အချိန်ထဲက ပရိသတ်တွေရဲ့ တခဲနက်ဝန်းရံခြင်းကိုခံနေရပါတယ်။သူကတော့ ” မိတ်ကပ်မကြိုက်တဲ့သီချင်းများ၊ အဓိပတိပွား၊ ကုတင်အမှတ်(၁၈)၊အတုများတဲ့မြို့ ” စသည့်တကိုယ်တော် တေးစီးရီးများစွာထွက်ရှိခဲ့ပြီး တေးစီးရီးတိုင်းလိုလိုဟာ ပရိသတ်ရဲ့ အားပေးမှုအခိုင်အမာရရှိခဲ့ပါတယ်။ဝေလကတော့ သီချင်းတွေရေးစပ်ရာမှာလည်း တော်လွန်းတာကြောင့် ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ အားပေးခြင်းခံနေရတဲ့ သူပဲဖြစ်ပါတယ်။ဝေလရဲ့ “အနီးဆုံး ရန်သူ” သီချင်းကတော့ လူကြိုက်အများဆုံး သီချင်းလိုဆိုနိုင်အောင် ပရိသတ်တွေကြား ရေပန်းအစားဆုံးသီချင်းလည်းဖြစ်ပါတယ်။

နိုင်ငံကျော်အဆိုတော် ဝေလရဲ့တေးစီရီးအသစ်ဖြစ်တဲ့ “စာရိတ္တ” တေးစီးရီးထဲမှာတော့ တေးသီချင်း(၁၂)ပုဒ်ပါဝင်မှာဖြစ်ပြီး တေးသီချင်းတွေကိုတော့ ဒဲရစ်မေလာ၊ စောခူဆဲ၊ ဝေလ၊ ကိုထက်၊ ရှမ်းလေး တို့ကရေးစပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ဝေလရဲ့ ” စာရိတ္တ ” တေးစီးရီးကတော့ အောက်တိုဘာလ(၃)ရက်နေ့မှာ စတင်ထွက်ရှိလာမှာဖြစ်ပြီး အာပေးဖို့ Ready ပဲလား။

Source: San Win Oo
DarDar-CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာဦးမည့် ဝေလရဲ့ “စာရိတ္တ” ”

Some text some message..