“ချစ်ရတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေးလုပ်သွားမယ့် စူးရှထက်”
celegabar.com
|
2019-09-30



>စူးရှထက်ကတော့ အနုပညာလောကမှာ Sexyမော်ဒယ်တစ်ဦးအနေနဲ့ ရပ်တည်နေပြီး အောင်မြင်မှုတွေအပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။မော်ဒယ်စူးရှထက်နဲ့ သူရဲ့ရည်းစားဟောင်းဖြစ်သူ အဆိုတော် အစ္စဏီနဲ့ဖြစ်ပွားခဲ့တဲ့ အမှုကိစ္စဟာလည်း အချိန်အားဖြင့် (၁) နှစ်ကျော်ကျော်အထိကြာမြင့်ခဲပြီးနောက်ဆုံးမှာတော့ သူမရဲ့ နစ်နာမှုတွေအတွက် ရည်းစားဟောင်း အဆိုတော်အစ္စဏီဘက်က တရားဝင်တောင်းပန်မှုတွေပြုလုပ်ခဲ့တာကြောင့် မော်ဒယ် စူးရှထက်ဘက်ကနေအမှုကို ပြန်လည်ကျေအေးပေးခဲ့ပါသေးတယ်။




စူးရှထက်ဟာ မိန်းမသားတစ်ယောက်အနေနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ပြီး မိဘကိုလုပ်ကျွေးထောက်ပံ့နေတာကြောင့် မိဘအပေါ်လိမ္မာသိတက်တဲ့ သမီးတစ်ယောက်လို့ ဆိုရမှာပါ။လက်ရှိမှာတော့ စူးရှထက်ဟာ အနုပညာအလုပ်တွေကိုတစိုက်မတ်မတ်နဲ့ ကြိုးကြိုးစားစား လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။လတ်တလောမှာလည်း စူးရှထက်က သူ့ကို အားပေးတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဖို့ ပွဲလေးတစ်ပွဲစီစဉ်ထားတာပဲဖြစ်ပါတယ်။




စူးရှချစ်တဲ့ ပရိတ်သတ်တွေနဲ့ သူငယ်ချင်း အားလုံးစုံရအောင်လို့Fan Meeting လေးလုပ်ထားတယ်နော်။ စူးရှရဲ့ Fan တွေကို တစ်စုတစ်စည်းထဲ ပျော်ရအောင် စီစဉ်ထားတဲ့ ပွဲလေးပါ။ စူးရှနဲ့ ဓာတ်ပုံတွေ အတူတူရိုက်မယ်၊အင်္ကျီမဲဖောက်ပေးမယ်၊ ပျော်စရာတွေဖန်တီးမယ်။ အားလုံးတွက်စားစရာတွေလဲစီစဉ်ထားတယ်နော်။ စူးရှကတော့ ပွဲအတွက် အရမ်းကို ရင်ခုန်နေပါတယ်။”လို့ စူးရှထက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပြီး လာရောက်ဖို့ကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။CeleGabarပရိသတ်ကြီးတွေထဲက ပေပီလေးရဲ့ ပရိသတ်တွေအတွက် ဒီသတင်းလေးကို မျှဝေပေးလိုက်ပါတယ်။



Source : Zar Chi
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်




“ချစ်ရတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေးလုပ်သွားမယ့် စူးရှထက်”စူးရှထက်ကတော့ အနုပညာလောကမှာ Sexyမော်ဒယ်တစ်ဦးအနေနဲ့ ရပ်တည်နေပြီး အောင်မြင်မှုတွေအပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။မော်ဒယ်စူးရှထက်နဲ့ သူရဲ့ရည်းစားဟောင်းဖြစ်သူ အဆိုတော် အစ္စဏီနဲ့ဖြစ်ပွားခဲ့တဲ့ အမှုကိစ္စဟာလည်း အချိန်အားဖြင့် (၁) နှစ်ကျော်ကျော်အထိကြာမြင့်ခဲပြီးနောက်ဆုံးမှာတော့ သူမရဲ့ နစ်နာမှုတွေအတွက် ရည်းစားဟောင်း အဆိုတော်အစ္စဏီဘက်က တရားဝင်တောင်းပန်မှုတွေပြုလုပ်ခဲ့တာကြောင့် မော်ဒယ် စူးရှထက်ဘက်ကနေအမှုကို ပြန်လည်ကျေအေးပေးခဲ့ပါသေးတယ်။

စူးရှထက်ဟာ မိန်းမသားတစ်ယောက်အနေနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ပြီး မိဘကိုလုပ်ကျွေးထောက်ပံ့နေတာကြောင့် မိဘအပေါ်လိမ္မာသိတက်တဲ့ သမီးတစ်ယောက်လို့ ဆိုရမှာပါ။လက်ရှိမှာတော့ စူးရှထက်ဟာ အနုပညာအလုပ်တွေကိုတစိုက်မတ်မတ်နဲ့ ကြိုးကြိုးစားစား လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။လတ်တလောမှာလည်း စူးရှထက်က သူ့ကို အားပေးတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဖို့ ပွဲလေးတစ်ပွဲစီစဉ်ထားတာပဲဖြစ်ပါတယ်။

“စူးရှချစ်တဲ့ ပရိတ်သတ်တွေနဲ့ သူငယ်ချင်း အားလုံးစုံရအောင်လို့Fan Meeting လေးလုပ်ထားတယ်နော်။ စူးရှရဲ့ Fan တွေကို တစ်စုတစ်စည်းထဲ ပျော်ရအောင် စီစဉ်ထားတဲ့ ပွဲလေးပါ။ စူးရှနဲ့ ဓာတ်ပုံတွေ အတူတူရိုက်မယ်၊အင်္ကျီမဲဖောက်ပေးမယ်၊ ပျော်စရာတွေဖန်တီးမယ်။ အားလုံးတွက်စားစရာတွေလဲစီစဉ်ထားတယ်နော်။ စူးရှကတော့ ပွဲအတွက် အရမ်းကို ရင်ခုန်နေပါတယ်။”လို့ စူးရှထက်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပြီး လာရောက်ဖို့ကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။CeleGabarပရိသတ်ကြီးတွေထဲက ပေပီလေးရဲ့ ပရိသတ်တွေအတွက် ဒီသတင်းလေးကို မျှဝေပေးလိုက်ပါတယ်။


Source : Zar Chi
Chilli – CeleGabar




Some text some message..