အမေစုကို Miss World Myanmar တစ်ယောက်အနေနဲ့လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့လို့ဂုဏ်ယူနေတဲ့ ဟန်သီ
celegabar.com
|
2019-10-02

ဟန်သီကိုတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့လူသိများသလို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် အနေနဲ့လည်းသိကြမှာပါ။ဟန်သီဟာအသက်ငယ်ငယ်လေးနဲ့မောဒယ်လ်လောကထဲကိုဝင်ရောက်လာခဲ့ပြီး အခုဆိုရင်ကမ္ဘာပေါ်မှာဂုဏ်သတင်းကြီးတဲ့အလှမယ်ပြိုင်ပွဲကြီးတွေထဲက နှစ်ခုဖြစ်တဲ့ Miss Suparational နဲ့ Miss World ပြိုင်ပွဲတွေကို မြန်မာနိုင်ငံကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။ ဒါတွေတင်မကပါဘူး။ဟန်သီဟာ Face of Myanmar 2013 လည်းဖြစ်ပါတယ်။

အခုဆိုရင် တက္ကသိုလ်ဆက်လက်တက်ရောက်နေပြီး အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေတဲ့ဟန်သီဟာ မြန်မာယူနီကုဒ်စံစနစ်ပြောင်းလဲရေးမှာသံတမန်အဖြစ်ခန့်အပ်ခံထားရသူပါ။ ဟန်သီဟာအောက်တိုဘာလ(၁)ရက်နေ့မှာပြုလုပ်တဲ့ မြန်မာယူနီကုဒ်စံစနစ်ပြောင်းလဲအသုံးပြုခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဒီပွဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို အလှမယ်တစ်ယောက်အနေနဲ့မိမိဂုဏ်ပုဒ်ကိုဖော်ပြပြီးမိတ်ဆက်ခွင့်ရခဲ့ခြင်းကို ပျော်ရွှင်ဂုဏ်ယူ နေခဲ့တာပါ။အဲ့ဒီအကြောင်းကိုလည်း ဟန်သီကတော့ “ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ တနိုင်ငံလုံး ယူနီကုဒ် ပြောင်းလဲရေးပွဲလေးမှာအမေစုကို Miss World Myanmar ဟန်တီပါဆိုပြီး ဂုဏ်ယူစွာ မိတ်ဆက်ခွင့်ရခဲ့ပါတယ်။” လို့ ဖေ့ဘွတ်ခ်မှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာ့အလှမယ်တစ်ယောက်အနေနဲ့အစွမ်းကုန်ကြိုးစားခဲ့တာကြောင့် နိုင်ငံတော်အကြီးအကဲတစ်ယောက်ရဲ့ရှေ့မှာအခုလိုမိတ်ဆက်ခွင့်ရခြင်းဟာ တကယ့်ကိုဂုဏ်ယူစရာပါပဲ။ဒီပွဲကိုတော့ ဟန်သီအပါအဝင် သံတမန်ခန့်အပ်ထားတဲ့ ရေဗက္ကာဝင်း၊ချောစုခင်၊ဖြူဖြူထွေး၊အေးမြတ်သူ၊မေကဗျာစတဲ့အနုပညာရှင်တွေအပါအဝင် အခြားသောသံတမန်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။
Source:HanThi
Sweet – CeleGabar
ဇော်ဂျီဗားရှင်း

Some text some message..