ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ မြင်သူတကာကို အချစ်ပိုစေတဲ့ အေးမြတ်သူ
myanmarload.com
|
2019-10-08



ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး အေးမြတ်သူကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်ဖြစ်သလို အေးချမ်းတဲ့ အပြုံးချိုချိုလေးတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။

အကယ်ဒမီထူးခွန်ဆုတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ မမြတ်လေးကတော့ ပါးချိုင့်အပြုံးလေးတွေနဲ့ ပြုံးရယ်လိုက်တိုင်း ဆွဲဆောင်မှုတွေရှိသလို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ စိတ်သဘောထားလေးကလည်း သူမကို အချစ်ပိုစေတာပါနော်..။








တစ်နေ့တစ်ခြား ပိုပိုပြီးလှလှ လာတဲ့ ပြည်သူ့အသည်းကျော်လေး သူမကတော့ အနုပညာအလုပ်တွေနဲ့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေသလို အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်နော်.။

အခုတစ်ခါမှာလည်း အောက်တိုဘာ(၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ “ကမ္ဘာနှစ်ထပ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုပ်ရှင်အထူးပြပွဲကို ကျော့ရှင်းတဲ့ အလှတရားတွေနဲ့ လွတ်လပ်ပေါ့ပါးပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ တက်ရောက်လာခဲ့ပါတယ်နော်..။








သူမရဲ့ အချိုးအစားကျပြီး ကျစ်လစ်လှပတဲ့ ခန္ဓာကောက်ကြောင်းအလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မမြတ်လေးကတော့ ဘယ်လိုဖက်ရှင်မျိုးမဆို လိုက်ဖက်ညီသူလေးဖြစ်ပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေနဲ့လည်း မြင်သူတကာကို အချစ်ပိုဖမ်းစားရင်း ပွဲလေးကို တက်ရောက်လာခဲ့တာပါ..။

နဂိုကတည်းက ချိုမြိန်တဲ့ အပြုံးလှလှတွေနဲ့ ထင်ရှားပေါ်လွင်စွာ တောက်ပနေတဲ့ သူမရဲ့ အလှတရားတွေကတော့ ပုရိသပရိသတ်တွေအပြင် မြင်သူတကာ မိန်းကလေးပရိသတ်တွေကိုပါ မချစ်ပဲ မနေနိုင်အောင်ကို အချစ်ပိုသွားစေပါတယ်နော်..။









Some text some message..