ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မိုးယုစံကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားခဲ့ပြီး မိသားစုအတွက် မိခင်ကောင်းတစ်ယောက် အိမ်ထောင်ရှင်မကောင်းတစ်ယောက်အနေနဲ့ မိသားစုတာဝန်တွေကို တာဝန်ကျေပွန်စွာဆောင်ရွက်ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လက်ရှိမှာတော့ မိုးယုစွရဲ့ သားသားလေးဟာ(၂)ပြည့်ပြီးနောက်ပိုင်း မိုးယုစံကတော့ အနုပညာအလုပ်တွေကို ပြန်လည်ကာ စတင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့သာမက နှင်းဆီအငြိမ့်အဖွဲ့ရဲ့ ရံပုံငွေဖျော်ဖြေရေးပွဲတွေမှာလည်း ပင်တိုင်အငြိမ့်မင်းသမီးတစ်ယောက်အနေနဲ့ မေတ္တာဖြင့်ကပြနေတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာလ (၄)ရက်နေ့နဲ့ (၅)ရက်နေ့တွေမှာ ရေဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး ရံပုံငွေပွဲအနေနဲ့”နှင်းဆီအငြိမ့်”အဖွဲ့က “နှင်းဆီလှေ”အငြိမ့်ပွဲကြီးကို ကျင်းပခဲ့တာပဲဖြစ်ပါတယ်။အောက်တိုဘာလ (၄)ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ ကပြဖျော်ဖြေခဲ့တာဖြစ်ပြီး (၅)ရက်နေ့မှာတော့ မန္တလေးမြို့မှာ ကပြဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။
“နှင်းဆီအငြိမ့်”အဖွဲ့ရဲ့ ပင်တိုင်မင်းသမီးလေးဖြစ်တဲ့ မိုးယုစံကတော့ မန္တလေးမြို့ကြီးမှာ “နှင်းဆီလှေ”ရံပုံငွေပွဲကြီးကို ကပြဖျော်ဖြေပြီးနောက် မန္တလေးမြို့ကြီးကမပြန်သေးဘဲ လျှောက်လည်နေတာပဲဖြစ်ပါတယ်။ဒီနေ့ အောက်တိုဘာလ (၈)ရက်နေ့မှာတော့ မန္တလေးမြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ကျုံးဘေးမှာ ပျော်ပျော်ကြီး လျှောက်လည်နေတဲ့ ဗီဒီယိုဖိုင်လေးကို မိုးယုစံကသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။မိုးယုစံရဲ့ ကလေးတစ်ယောက်မိခင်လို့မထင်ရဘဲ အပျိုတွေရှုံးရလောက်အောင် နုပျိုလှပတတ်ကြွနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source : Moe Yu San
Chilli – CeleGabar
ဇော်ဂျီ ဗားရှင်းဖြင့်ဖတ်ရန်။

“မန္တလေးမြို့ရဲ့ ကျုံးရိုးဘေးမှာ ပျော်ပျော်ကြီး လျှောက်လည်နေတဲ့ မိုးယုစံ”