” ရုပ်မလှဘဲ မင်းသမီး ဖြစ်လာတယ်ဆိုတဲ့ မှတ်ချက်ကို ပညာသားပါပါ ရဲရဲဝင့်ဝင့်ပြန်ဖြေလိုက်တဲ့ မြညိုလေး “
celegabar.com
|
2019-10-10

မြညိုလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ မြတ်သူသူဇင်ကတော့ တစ်ဟုန်ထိုးအောင်မြင်လာတဲ့ ဇာတ်လမ်းတွဲ မင်းသမီးလေး တစ်ဦးပါနော်။” ပျားရည်အိုင် ” ဇာတ်လမ်းတွဲမှာ ” မြညို ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေသတိထားမိလာဆိုပေမယ့် မြညို လို့ ပရိသတ်တွေမသိခင်ကတည်းက “ကံကံ၏အကျိုး” ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါတစ်ယောက်ပါ။

လက်ရှိမှာလည်း တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲမှာ ” ယွန်းမေခ” အဖြစ်ပါဝင်ထားပါသေးတယ်။ ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်ပြီး ရန်ကုန် ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်ကြတဲ့သူလေးလို့ ဆိုရမှာပါ။ အင်တာဗျူးတိုင်းမှာလည်း ပွင့်လင်းရိုးသားစွာ ဖြေဆိုတတ်သူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်ကိုပိုမို ရရှိလာသူလေးပါ။

မြညိုလေးကတော့ သူမကိုဝေဖန်တိုက်ခိုက်ကြတဲ့သူတွေအပေါ် လျစ်လျူရှုလိုက်လေ့ရှိပြီး ကောင်းစေချင်လို့ပြောတဲ့စကားမှန်သမျှ အလေးထားတယ်လို့ သိရပါတယ်။လက်ရှိမှာလည်း ပရိသတ်တစ်ယောက်က ရုပ်မလှဘဲ မင်းသမီး ဖြစ်လာတယ်လို့ မှတ်ချက်တစ်ခုကို သူ့ရဲ့ My Day မှာ ပညာသားပါပါပြန်လည် ဖြေကြားလိုက်တာပဲ ဖြစ်ပါတယ်။” အဲ့လိုရုပ်မလှမှန်းသိတော့ သူများထက်ပို ကြိုးစားရတာပေါ့ ဒါကြောင့်ဒီနေရာလေးထိရောက်လာတာ ဂုဏ်ယူတယ်။ ” ဆိုကာ ရဲရဲဝင့်ဝင့်ဖြေလိုက်တာပါနော်။ CeleGabar ပရိသတ်ကြီးလည်း မြညိုလေးရဲ့ ချစ်စရာကောင်းတဲ့ စိတ်လေးကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Myat Thu Thu Zin
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” ရုပ်မလှဘဲ မင်းသမီး ဖြစ်လာတယ်ဆိုတဲ့ မှတ်ချက်ကို ပညာသားပါပါ ရဲရဲဝင့်ဝင့်ပြန်ဖြေလိုက်တဲ့ မြညိုလေး ”

Some text some message..