ပရိသတ်အချစ်တော် ရုပ်သံဇာတ်လမ်းတွဲ မင်းသမီးချောလေး မေမီကိုကို ကတော့ သူမရဲ့စိတ်နေစိတ်ထားကိုအသေးစိတ်ကအစသိနေတဲ့ သရုပ်ဆောင်မင်းသမီးချောလေး မုဏ်းကို မိမိကိုကြို့်နေတာလို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။ မုဏ်းကတော့ အင်းတာဗျူးတစ်ခုမှာ မေမီကိုကိုရဲ့ အားနားတတ်ပြီး စိတ်သဘောထားဖြူစင်ကာ ချစ်ရေးကံမကောင်းတတ်တဲ့ အကြောင်းကိုပြောထားပါတယ်။မြိုင်လို့လူသိများတဲ့ မေမီကိုကိုကတော့ MRTV-4 ရုပ်သံဇာတ်လမ်းကနေ ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။
“ပျားရည်အိုင်”ဇာတ်လမ်းတွဲကနေပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းတွဲတွေကို အကောင်းဆုံးနဲ့ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် Star Award ဆုကို ထိုက်တန်စွာနဲ့ ချီးမြှင့်ခြင်းခံခဲ့ရတဲ့ သူတစ်ယောက်ပါ။လက်ရှိမှာလည်း ပြသနေတဲ့ “ကိုလူပျို” ဇာတ်လမ်းတွဲနဲ့ “တတိယမြောက်ဆုံမှတ်”ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဒီ “တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲမှာတော့ “မေပန်းချီ” ဆိုတဲ့ ရဲမေတစ်ယောက်ရဲ့ ဇာတ်ကောင်နဲ့ ပါဝင်ထားပြီး ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှုကို ထပ်မံရရှိနေတာလည်း ဖြစ်ပါတယ်။
မေမီကိုကိုဟာ အနုပညာအလုပ်တွေအပြင် လက်ရှိမှာတော့ အစ်မဖြစ်သူနဲ့အတူ ဖက်ရှင်ဆိုင်လေးကို ဖွင့်လှစ်ထားတာဖြစ်ပြီး ဆိုင်ကအဝတ်အစားလေးတွေကို ကိုယ်တိုင် ကြော်ငြာမင်းသမီးတစ်ယောက်အနေနဲ့ပါ ရိုက်ကူးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ မေမီကိုကိုကတော့ သရုပ်ဆောင် မင်းသမီးချောလေးမုဏ်း ရဲ့ ကြိတ်ကြွေချင်းခံနေရတာလား။
Source: May Mi Ko Ko
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
” အမ ကျွန်မကိုကြိုက်နေတာလားလို့ မုဏ်း ကိုမေးလိုက်တဲ့ မေမီကိုကို ”