လူတော်တော်များများဟာ သာရေးသာသွားချင်ကြပြီး နာရေးဆိုလက်တွန့်လေ့ရှိကြတာ အမှန်ပါပဲနော်။နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ၏ လမ်းညွှန်ပေးမှုတို့ဖြင့် အနုပညာရှင်များသွားရောက်ကူညီပေးလျှင် ကွယ်လွန်သွားသူတို့ ၏ ကျန်ရစ်သောမိသားစုများသည် သောကအပူမီးတို့ တစ်ဝက်လောက်ပျောက်ကင်းနိုင်တယ်ဆိုတဲ့ တိုက်တွန်းစကားကြောင့် စေတနာ့လုပ်အားပေးအနေနဲ့ ပြည်သူတွေတင်မကဘဲ နိုင်ငံကျော် အနုပညာရှင်တော်တော်များများအင်တိုက်အားတိုက်ပါဝင်ကူညီလာကြတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ပြည်သူချစ်အနုအနုပညာရှင်များ ဖြစ်ကြတဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ ထူးအောင်နဲ့ ပုရိသတွေရဲ့ အသည်းကျော် မေမြင့်မိုရ်တို့နှစ်ဦးဟာ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းသို့သွာရောက်ကာ တစ်နေ့တာ ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ အားလပ်ချိန်မှာ သွားရောက်ကူညီအားဖြည့်ခဲ့ကြတယ်လို့လည်းသိရပါတယ်။
မေမြင့်မိုရ်နဲ့ ထူးအောင်ကတော့ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲမှာထဲက ပရိသတ်တွေက တတွဲတွဲသိလာကြတာဖြစ်ပြီး လက်ရှိမှာလည်း ပျောက်ဆုံးနေသောအမှန်တရား ဇာတ်လမ်းတွဲမှာ လည်း မေထက်ချိုနဲ့ ကောင်းထက် အဖြစ် ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံခြင်းကို ခံထားရသူတွေပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး မွန်မြတ်လှတဲ့ ထူးအောင်နဲ့ မေမြင့်မိုရ်တို့ရဲ့ တစ်နေ့တာ ကုသိုလ်လေးအတွက် သာဓုခေါ်ခဲ့ပါဦးနော်။
Source : နာရေးကူညီမှုအသင်း ( ရန်ကုန် )
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

“နာရေးကူညီမှုအသင်းမှာ တစ်နေ့တာ လုပ်အားပေးခဲ့ကြတဲ့ ထူးအောင်နဲ့ မေမြင့်မိုရ် ”