
နေရွှေသွေးအောင်ဟာ enrique iglesia ရဲ့ တေးသီချင်း MTV များကို cover songအနေနဲ့ ရိုက်ကူးတင်ဆက်လေ့ရှိပါတယ်။ သူ့အနေနဲ့ Enqrique Iglesia ရဲ့အမာခံပရိတ်သတ်တစ်ဦးဆိုတာ သူပြန်လည် cover လုပ်ပြီး သီဆိုရိုက်ကူးထားတဲ့ သီချင်းများကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ Enrique Iglesia တစ်ယောက်တည်းရဲ့ သီချင်းတွေကို ပဲ Cover songအနေနဲ့ MTV ရိုက်ကူးတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ နေရွှေသွေးအောင်က Enrique Iglesia ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ Tonight( I’m Loving you) သီချင်းကို သူ့ရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်ခ်အကောင့်မှာတင်ခဲ့ပါတယ်။ MTV ကအရမ်းကို တစ်ထပ်ထဲ ဆင်တူကျပြီး သင်ဇာဝင့်ကျော်နဲ့ ထိုင်းမင်းသမီး Korravee တို့မှပါဝင်သရုပ်ဆောင်ထားပါတယ်။အနုပညာ လှုပ်ရှားမှုတွေနည်းပါးနေတဲ့ ဦးမိုးဒီလဲ ထို MTV မှာပါဝင်ထားပြီး၊ တခြားပါဝင်ထားတဲ့ သရုပ်ဆောင်များကတော့ ထွန်းအိန္ဒြာဗိုလ်၊ ဖြိုးငွေစိုး တို့ပဲဖြစ်ပါတယ်။
MTV ကအရမ်း လန်းလွန်းတာကြောင့် ပရိတ်သတ်များရဲ့ တခဲနက်အားပေးမှုကိုလဲရ ရှိခဲ့ပြီးအနုပညာရှင်များကလဲ နေရွှေသွေးအောင်ရဲ့အနုပညာအရည်အသွေးကို ချီးကျူးအမွှန်းတင်နေကြပါတယ်။
ဖိုးလပြည့်ကသူ့ကိုအားပေးတဲ့အနုပညာရှင်များကို ဖေ့ဘွတ်ခ်အကောင့်ရဲ့ MyStory မှာတင်ပြီးကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ MTV ကိုကြည့်ပြီး ဝတ်မှုန်ရွှေရည်က “အကြမ်းကြီးပါလား ” လို့ message ပို့ပြီး နေရွှေသွေးအောင်ကိုအရွှန်းဖောက်စ နောက်ထားပါတယ်။ နေရွှေသွေးအောင်ကလဲ Thank you Ma Kit ဆိုပြီး ပြန်လည်ရေး သားထားပါတယ်။
Beauty Blogger နေခြည်ဦးကလဲ နေရွှေသွေးအောင်ကိုအားပေးထားပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီကျော်အချိန်လောက်က ဖိုးလပြည့်က သူ့ ဖေ့ဘွတ်ခ်အကောင့်ရဲ့ MyStory မှာနေခြည်ဦးနဲ့ chat ထားတဲ့ message ကို screenshot ရိုက်ပြီးတင်ခဲ့ပါတယ်။ chat message ထဲမှာနေခြည်ဦးက “အရမ်းတွေ ကြမ်းနေပြီ၊အဖျားတောင်ပျောက်သွားတယ်” ဟုအရွှန်းဖောက်ပြီးစနောက်ထားပါတယ်။ ဖိုးလပြည့်လဲ နေခြည်ဦးကိုကျေးဇူးတင်ကြောင်း MyStory မှာတင်ခဲ့ပါတယ်။
အဆိုတော်ရဲလေးကလဲ “MTV ကိုအရမ်းကြိုက်နေပြီ လပြည့်” ဆိုပြီး ထောက်ခံအားပေး ထားပါတယ်။ ပြီးတော့ ရဲလေးက ဖိုးလပြည့်အတွက် သီဆိုဖို့ သီချင်းကို ရေးနေတာဖြစ်ပြီးအချောသတ်နေတယ် လို့ပြောကြားထားပါတယ်။
ဘီလီလမင်းအေးကတော့ MTV ကိုအဆုံးထိမကြည့်ရဲလို့ ဆက်မကြည့်ခဲ့ပါဘူးတဲ့။
သူတို့ ဒီလိုချီးကျူးထားတာတကယ်ဟုတ်မဟုတ်ကြည့်ရှူခံစားကြည့်လိုက်ကြပါဦး။