မြန်မာငွေသိန်း(၂၀)ကျော်တန်ဖိုးရှိတဲ့ နောက်ဆုံးပေါ် IPh 11Pro ကြီးနဲ့ Suprise လုပ်ခံလိုက်ရတဲ့ ခေးဆက်သွင်
myanmarload.com
|
2019-10-17
မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့အမာခံအားပေးမှုကို ရရှိနေသူပဲ ဖြစ်ပါတယ်။ ဇာတ်ရုပ်နဲ့အံဝင်ဂွင်ကျဖြစ်အောင် အကောင်းဆုံးသရုပ်ဆောင်ပြနိုင်စွမ်းရှိတဲ့ ခေးဆက်သွင်က ဇာတ်လမ်းတွဲတွေအများကြီး ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်လည်း ခေးဆက်သွင်က "နှင်းဆီ" ဇာတ်လမ်းတွဲလေးနဲ့ လူကြိုက်များအောင်မြင်နေတာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာတော့ ခေးဆက်သွင်တစ်ယောက် ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေမှာ ပါဝင်ရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း အဆက်မပြတ် တက်ရောက်နေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ခေးဆက်သွင်က မြန်မာငွေသိန်း (၂၀) ကျော်တန်ဖိုးရှိတဲ့ နောက်ဆုံးပေါ် IPh 11Pro ကြီးနဲ့ Suprise လုပ်ခံလိုက်ရကြောင်း ပရိသတ်တွေကို ပြောပြထားတာ တွေ့ရပါတယ်။ ခေးဆက်သွင်တစ်ယောက် မထင်မှတ်ထားတဲ့ လက်ဆောင်ကြောင့် ပျော်ရွှင်နေရတာ ဖြစ်ပါတယ်။
ခေးဆက်သွင်က " အိုး ခိုင်မော့ ဒီတစ်ခါ supriseကြီးကတော့ အရမ်း အရမ်းပါ သာယာလှပသော မနက်ခင်းဖြစ်နေပါသဖြင့် မနှင်းဆီ အိမ်မှာထိုင်၍ လက်ဆောင်များ စတင်လက်ခံနေပါပြီ " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ခေးဆက်သွင်တစ်ယောက် အရမ်းလှပတဲ့ အနီရောင်နှင်းဆီပန်းစည်းကြီးကို လက်ဆောင်ရရှိခဲ့ပါသေးတယ်။ နောက်ဆုံးပေါ် IPh 11Pro ကြီးနဲ့ Suprise လုပ်ခံလိုက်ရလို့ ပျော်ရွှင်နေတဲ့ ခေးဆက်သွင်ရဲ့အပျော်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
#လက်ဆောင်
#ဇာတ်လမ်း
#နှင်းဆီ
#တွဲ
#ရက်ပိုင်း
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်