Gimpo လေဆိပ်မှာ သတင်းထောက်ချောက်ချတာခံလိုက်ရတဲ့ Blackpink Jennie
popolay.com
|
2019-10-18

တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီး Kpop အဆိုတော်အဖွဲ့ Blackpink မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jennie ဟာ လူမှုကွန်ယက်မှာ သတင်းထောက်တစ်ဦးရဲ့ မကောင်းတဲ့အမြင်ဘက်ကရေးသားခြင်းကို ခံခဲ့ရပါတယ်။


ဓာတ်ပုံက Jennie အောက်တိုဘာ ၁၇ ရက်နေ့မှာ အဖွဲ့နဲ့အတူ ဂျပန်ကို ခရီးသွားဖို့ လေဆိပ်ကို ရောက်ရှိလာတဲ့ ဓာတ်ပုံတစ်ပုံပဲဖြစ်ပါတယ်။



Newesn မီဒီယာမှ သတင်းထောက်တစ်ဦးက Jennie လေဆိပ်ရောက်လာတဲ့ပုံကို ဓာတ်ပုံရိုက်ယူပြီး “Blackpink Jennie- ကျွန်မဒီနေ့ စိတ်ဖိစီး(စိတ်ရှုပ်) နေတယ်” ဆိုတဲ့စာသားနဲ့အတူ လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။


သတင်းထောက် ရေးသားထားတဲ့ ပုံစံဟာ Jennie ကိုယ်တိုင် ပြောသလိုပုံမျိုးနဲ့ရေးထားတာပါ။ ဒါကို လူမှုကွန်ယက်မှာ မြင်တွေ့နေရတဲ့ ပရိတ်သတ်အချို့က သတင်းထောက်ကို ဒီလို လုပ်ရပ်တွေ ရပ်တန်းရပ်ဖို့ ကော်မန့်တွေကတစ်ဆင့် ပြောဆိုလာကြပါတယ်။



“ဒီသတင်းထောက်က Jennie ကို လူတွေ ပိုမုန်းအောင် လုပ်နေသလိုပဲ”


“ဓာတ်ပုံကိုတောင် မကောင်းတဲ့ရှုထောင့်ဘက်က မြင်အောင်ရိုက်ထားသေးတယ်”


“လတ်တလော Sulli သေဆုံးတာနဲ့ ပတ်သတ်ပြီး အနုပညာရှင်တော်တော်များများ အနက်ရောင်ဝတ် ညှိုးငယ်တဲ့ မျက်နှာတွေနဲ့ ဝမ်းနည်းကြေကွဲကြောင်းပြကြတာ သတင်းထောက်က ဘာဖြစ်ချင်နေတာလဲ”


“သူမ စိတ်ရှုပ်နေတယ်ဆိုတာ မင်းဘယ်လိုသိလဲ၊ စိတ်ကို ထိုးထွင်းမြင်နိုင်တဲ့အစွမ်းအစတွေ ရှိနေလို့လား အမှိုက်လိုကောင်ရဲ့” အစရှိသဖြင့် ကော်မန့်တွေမှာရေးသားလာကြပါတယ်။



အနုပညာရှင်တွေဟာ ဒီလို အလိုက်မသိတဲ့ သတင်းထောက်တွေကြောင့် စိတ်ရှုပ်ရသလို လူမှုကွန်ယက်က ဆဲဆိုသူတွေကြောင့် စိတ်ဖိစီးစရာကိစ္စရပ်တွေ အများအပြားကြုံတွေ့လာရပါတယ်။ မိတ်ဆွေတို့အနေနဲ့ အတုအယောင် ကမ္ဘာကြီးကို လိုတာထက်ပိုပြီး မမက်မောကြဖို့ တိုက်တွန်းပြောကြားပါရစေ။

Ref:koreaboo

(ပိုပိုလေး)




Some text some message..