“The Money Drop Myanmar”အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ မေမီကိုကိုနဲ့ အင်ကြင်းထူးတို့ သူငယ်ချင်းနှစ်ဦး
celegabar.com
|
2019-10-18

မေမီကိုကိုနဲ့ အင်ကြင်းထူးတို့ သူငယ်ချင်းနှစ်ဦးကတော့ Channel-7 ရဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး လူစိတ်ဝင်စားမှုအများဆုံးရရှိနေတဲ့ “The Money Drop Myanmar” အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာဆိုရင် အဆင့်(၈)ဆင့်ပါဝင်ပြီး အဆင့်(၈)ဆင့်လုံးအောင်မြင်မှသာ ပိုက်ဆံရရှိမှာဖြစ်ပါတယ်။ မေမီကိုကိုနဲ့ အင်ကြင်းထူးတို့နှစ်ဦးကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြိုးစားပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အဆင့်(၃)ဆင့်မြောက်မှာပဲ ထွက်ခဲ့ရတာဖြစ်ပါတယ်။

မေမီကိုကိုဟာဆိုရင် MRTV-4 ဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်ရဲ့ရင်ထဲကိုထိုးဖောက်ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာဆိုရင်အနုပညာလောကမှာ အခိုင်အမာနေရာတစ်ခုရရှိနေသူလည်းဖြစ်ပါတယ်။ သူပါဝင်ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲများထဲမှ “ပျားရည်အိုင်”ဆိုတဲ့ ဇာတ်ကားမှာ “မြိုင်” အနေနဲ့ပရိသတ်ရဲ့အသိမှတ်ပြုခံခဲ့ရပြီး လက်ရှိမှာတော့ “ဂျီဟောသူ” ဇာတ်လမ်းတွဲမှာ “ညိုထွေး”နေရာက ပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။

အင်ကြင်းထူးဟာဆိုရင်လည်း Miss Myanmar International 2016 မှာဆုရရှိခဲ့ပြီးနောက်မှာတော့
မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်လောကထဲကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ တတိယဆုံမှတ်ဇာတ်လမ်းတွဲဟာဆိုရင် သူမရဲ့ပထမဆုံးဇာတ်လမ်းတွဲဖြစ်ပြီး မေမီကိုကိုနဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အနုပညာကိုလောဘကြီးသူပီပီ သူလက်လှမ်းမှီသလောက်လုပ်နိုင်ဖို့ ကြိုးစားနေသူတစ်ယောက်လဲဖြစ်ပါတယ်။
Source – May Mi KoKo, The Money Drop Myanmar
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့် ဖတ်ရန်

Some text some message..