စက်တင်ဘာ(၁၉) ရက်နေ့က ရပ်ကွက်မှာ ဆူပူရမ်းကားပြီး တာဝန်ရှိသူကို အန္တရာယ်ဖြစ်အောင် တုန့်ပြန်တိုက်ခိုက်ခဲ့တာကြောင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၇ နဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ သရုပ်ဆောင် လင်းလက်ဟိန်းကို ဒီနေ့ အောက်တိုဘာ(၁၈) ရက်နေ့ မှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာပြီလည်းဖြစ်ပါတယ်။သရုပ်ဆောင် လင်းလက်ဟိန်းကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ (ပ) (၁၂၈၀ / ၂၀၁၉)၊ ရာဇသတ်ကြီး ပုဒ်မ (၃၀၇) ဖြင့် အမှုဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။
သရုပ်ဆောင် လင်းလက်ဟိန်းကိုတော့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက် ရတနာပုံလမ်းတွင် အမျိုးသားတစ်ဦး ဓားကိုင်ကာ မူးယစ် သောင်းကျန်းနေကြောင်း ရပ်ကွက်နေ ပြည်သူများရဲ့ ဖုန်းဆက် အကြောင်းကြားမှုကြောင့် သွားရောက် ဖမ်းဆီးရာမှာ လက်နက် မချဘဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ရိုက်နှက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးကိုလည်း ကတ်ကြေးဖြင့် ပြေးထိုးခဲ့တာကြောင့် လင်းလက်ဟိန်းအား ရဲတပ်ဖွဲ့ဝင် တစ်ဦးက အသင့်ဆောင်ထားတဲ့ ၁၂ ဗို့ ပန့်အက်ရှင်သေနတ်နဲ့ သူ့ရဲ့ အောက်ပိုင်းကို တစ်ချက် ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။။သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးမှုကြောင့် ညာဘက်ပေါင်ရင်းတွင် ပေါက်ပြဲဒဏ်ရာ သုံးချက် ရရှိခဲ့ပါသေးတယ်။
လင်းလက်ဟိန်းလို့ ပြောလိုက်တာနဲ့ ခပ်အေးအေး၊တည်ငြိမ်ငြိမ်နဲ့ ချိုသာတဲ့အပြုံလေးတွေပိုင်ရှင် ရုပ်ရှင်သရုပ်ဆောင် မင်သားချောတစ်လက် ဖြစ်ပြီး အနုပညာလောကမှာ အနားယူခဲ့တာကြာပြီလည်းဖြစ်ပါတယ်။CeleGabar ကြီးရေ လင်းလက်ဟိန်းတစ်ယောက်ကတော့ အာမခံနဲက ပြန်လည်လွတ်မြောက်လာပါပြီတဲ့နော်။
Source: Aung Zaw Min
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
” အာမခံဖြင့် ပြန်လည်လွတ်လာတဲ့ သရုပ်ဆောင် လင်းလက်ဟိန်း ”