“မီးလျှံတွေကြားထဲက မိခင်တစ်ယောက်ရဲ့အားမာန်အကြောင်းဖော်ကျူးထားတဲ့ဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်မွှေးသက်”
celegabar.com
|
2019-10-23



မွှေးသက်ဟာ လက်ရှိမှာ ဗင်နီဇွဲလားနိုင်ငံမှာကျင်းပနေတဲ့ Miss Grand International 2019 မှာဝင်ရောက်ယှဉ်ပြိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။မွှေးသက်ဟာ အသက်(၂၆)ရှိပြီး အရပ် ၅ပေ ၈လက်မနဲ့ ညို့အားပြင်းတဲ့မျက်လုံးတစ်စုံပိုင်ဆိုင်ထားကြောင့် ပြိုင်ပွဲဝင်တွေကြားမှာ ရေပန်စားသူတစ်ယောက်လို့လဲဆိုရမှာပါ။




သူမဟာ ပြိုင်ပွဲစတင်ယှဉ်ပြိုင်စဉ်မှာပဲ မြန်မာပရိသတ်တွေရဲ့အားပေးဝန်းရံမှုနဲ့အတူ Top 5 Pre-Arrival စာရင်းမှာပါဝင်ခဲ့ပြီး Miss Grand International ရဲ့ ဥက္ကဋ္ဌဖြစ်သူ Nawat Itsaragrisil နဲ့ညစာစားခွင့်ရရှိခဲ့တာကြောင့် နိုင်ငံတကာပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တယ်ဆိုလည်း မမှားပါဘူး။အလှမယ်မွှေးသက်ဟာ swim suit နဲ့ဝင်ရောက်ယှဉ်ပြိုင်လို့အပြီးမှာ မိမိနိုင်ငံရဲ့ပုံရိပ်ကိုထင်ဟပ်ဖော်ပြရမယ့် National costume ပြိုင်ပွဲမှာတော့ မီးတောက်မီးလျှံကြားက မိခင်တစ်ယောက်ရဲ့အားမာန်ကိုဖော်ညွှန်းထားတဲ့ ဝတ်စုံလေးကိုဝတ်ဆင်ကာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။



ဒီဝတ်စုံလေးရဲ့ ဒီဇိုင်နာကတော့ Sha Roi ဖြစ်ပြီး မီးတောက်မီးလျှံတို့ကိုမီးလုံးလေးများနဲ့တန်ဆာဆင်ပေးထားပါတယ်။မိခင်တစ်ယောက်ရဲ့ပြယုဂ်အနေနဲ့ ရင်ခွင်ပိုက်ကလေးချီထားပြီး ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတိုင်းမှာ voting စနစ်ကလည်း အရေးပါတာကြောင့် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်နေတဲ့အလှမယ်မွှေးသက်ကို မဲပေးပြီး ဝန်းရံနိုင်ဖို့ ဆယ်လီကမ္ဘာပရိသတ်ကြီးသိအောင် ဝေမျှပေးလိုက်ပါတယ်။
Source – Hmwe Thet
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်



“မီးလျှံတွေကြားထဲက မိခင်တစ်ယောက်ရဲ့အားမာန်အကြောင်းဖော်ကျူးထားတဲ့ဝတ်စုံနဲ့
ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်မွှေးသက်”

မွှေးသက်ဟာ လက်ရှိမှာ ဗင်နီဇွဲလားနိုင်ငံမှာကျင်းပနေတဲ့ Miss Grand International 2019 မှာဝင်ရောက်ယှဉ်ပြိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။မွှေးသက်ဟာ အသက်(၂၆)ရှိပြီး အရပ် ၅ပေ ၈လက်မနဲ့ ညို့အားပြင်းတဲ့မျက်လုံးတစ်စုံပိုင်ဆိုင်ထားကြောင့် ပြိုင်ပွဲဝင်တွေကြားမှာ ရေပန်စားသူတစ်ယောက်လို့လဲဆိုရမှာပါ။

သူမဟာ ပြိုင်ပွဲစတင်ယှဉ်ပြိုင်စဉ်မှာပဲ မြန်မာပရိသတ်တွေရဲ့အားပေးဝန်းရံမှုနဲ့အတူ Top 5 Pre-Arrival စာရင်းမှာပါဝင်ခဲ့ပြီး Miss Grand International ရဲ့ ဥက္ကဋ္ဌဖြစ်သူ Nawat Itsaragrisil နဲ့ညစာစားခွင့်ရရှိခဲ့တာကြောင့် နိုင်ငံတကာပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တယ်ဆိုလည်း မမှားပါဘူး။အလှမယ်မွှေးသက်ဟာ swim suit နဲ့ဝင်ရောက်ယှဉ်ပြိုင်လို့အပြီးမှာ မိမိနိုင်ငံရဲ့ပုံရိပ်ကိုထင်ဟပ်ဖော်ပြရမယ့် National costume ပြိုင်ပွဲမှာတော့ မီးတောက်မီးလျှံကြားက မိခင်တစ်ယောက်ရဲ့အားမာန်ကိုဖော်ညွှန်းထားတဲ့ ဝတ်စုံလေးကိုဝတ်ဆင်ကာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။


ဒီဝတ်စုံလေးရဲ့ ဒီဇိုင်နာကတော့ Sha Roi ဖြစ်ပြီး မီးတောက်မီးလျှံတို့ကိုမီးလုံးလေးများနဲ့တန်ဆာဆင်ပေးထားပါတယ်။မိခင်တစ်ယောက်ရဲ့ပြယုဂ်အနေနဲ့ ရင်ခွင်ပိုက်ကလေးချီထားပြီး ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတိုင်းမှာ voting စနစ်ကလည်း အရေးပါတာကြောင့် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်နေတဲ့အလှမယ်မွှေးသက်ကို မဲပေးပြီး ဝန်းရံနိုင်ဖို့ ဆယ်လီကမ္ဘာပရိသတ်ကြီးသိအောင် ဝေမျှပေးလိုက်ပါတယ်။
Source – Hmwe Thet
Rainbow- Cele Gabar




Some text some message..