ဆောင်းဝတ်ရည်မေကတော့ MRTV – (4)ဇာတ်လမ်းတွဲမင်းသမီလေး တစ်ဦးဖြစ်ပြီး ” ဝိဉာဉ်ရှိုက်သံ”ဇာတ်လမ်းတွဲကစတင်ကာ ” ကြယ်စင်ချို” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေစတင်သတိထားမိလာပြီး “ဝင်္ကပါစံအိမ် ” ရဲ့ဇာတ်လမ်းတွဲမှာ ” စောကလျာ ” ဆိုတဲ့ဇာတ်ကောင် အပြင် “အမုန်းမှသည်” ဇာတ်ကားမှာ” နေချိုသွေး”အဖြစ်ပရိသတ်တွေလက်ခံသဘောကျခဲ့ရတဲ့ သူတစ်ယောက်ပါ။ ထပ်မံပြီး “အချစ်သင်္ကေတ “ဇာတ်လမ်းတွဲမှာ ” ဖြူစင်ရှင်းသန့် ” ဆိုတဲ့ ကာရိုက်တာအပြင် “ချစ်ခြင်းတရားတို့ရှိရာ ” ဇာတ်လမ်းတွဲမှာ သက်သက်ဇော်အဖြစ် ကာရိုက်တာမိစွာ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေက ချစ်စနိုးနဲ့ ” သက်သက်ဇော်” အဖြစ် ဇာတ်လမ်းတွဲ နာမည်ကိုသာ အစွဲပြု ခေါ်နေကြတာဖြစ်ပါတယ်။
ဆောင်းဝတ်ရည်မေ ကို ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကလည်း အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။ အခြားသောအနုပညာရှင်တွေနဲ့မတူတဲ့ စကားပြောဟန်လေးတွေကြောင့် ပရိသတ်တွေကို ပိုသတိထားမိစေတာဖြစ်ပြီး ဖြူစင်တဲ့ ကလေးသဖွယ်အပြုံးလေးတွေကြောင့် နှစ်ခြိုက်သူတွေပိုများလာတာလို့ ဆိုရမှာပါ။ သူရဲ့ အမာခံပရိသတ်တွေကလည်း သူရဲ့ဇာတ်လမ်းတွဲအသစ်တွေကို အမြဲမျှော်လင့်နေကြတာဖြစ်ပြီး လက်ရှိမှာလည်း ” အချစ်ဆစ်ဂနယ် “ဇာတ်လမ်းတွဲမှာ ပါဝင်ထားပါသေးတယ်။
သူ့ရဲ့အချစ်ရေးကတော့ တစ်ယောက်ထဲ Single အဖြစ်နဲ့ အနုပညာအလုပ်တွေကို အားစိုက်လုပ်ကိုင်နေတာ ဖြစ်ပြီး လက်ရှိမှာ တစ်ကိုယ်တည်းတစ်ယောက်ထဲနေရတာ အကောင်းဆုံးပဲဆိုတဲ့အကြောင်းကို ” FAဆိုတာ အခေါ်ခံရတာပဲ နာမည်ဆိုးတာ… ဘယ်လောက်လွတ်လပ်ပြီး ပျော်ဖို့ကောင်းတဲ့ ဘဝလဲဆိုတာ FA အချင်းချင်းပဲ နားလည်တယ်” ဆိုကာ သူမရဲ့ခံယူချက်ကိုပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရော ဆောင်းဝတ်ရည်မေနဲ့အတွေးတူကြရဲ့လားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Hsaung Wutyee May
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” တစ်ကိုယ်တည်း FA ရဲ့ အဓိပ္ပာယ်ကို ရှင်းပြလိုက်တဲ့ ဆောင်းဝတ်ရည်မေ ”