ပြီးခဲ့တဲ့ တစ်ပတ် တနင်္ဂနွေနေ့ ည(၈)နာရီအချိန်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ “The Model Academy Season (3)”မှာတော့ ပြိုင်ပွဲဝင်နှစ်ယောက်ရဲ့ အချစ်ရေးအရှုပ်တော်ပုံ တစ်ခုကြောင့် ပရိသတ်တွေကြားမှာအတော်လေးကို ပွဲဆူခဲ့ပြီး ဝေဖန်မှုတွေမြင့်တက်ခဲ့တာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။တချို့ပရိသတ်တွေကတော့ အခုလို အရှုပ်တော်ပုံကို ချပြခဲ့တာဟာ မဖြစ်သင့်ဘူးလို့ ပြောဆိုနေကြတာတွေလည်း ရှိနေတာပဲဖြစ်မှာပါ။အခုလို ပြောဆိုနေကြတဲ့ အပေါ်မှာတော့ ဒီပွဲကြီးရဲ့ အဓိကတာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဇင်အောင်ကတော့
“Reality Show ရဲ့ တချို့သော သဘောတရားတွေက ဒီမှာတင်ပြမှုအပိုင်းနဲ့ ပတ်သတ်ပြီး ဒါကအသစ်တွေလို ဖြစ်နေတာပါ။ကျွန်တော်တို့ကတော့ Reality showဖြစ်တာနဲ့ အညီ ကျွတ်တော်တို့ကတော့ ရှေ့ဆက်သွားနေမှာပါ။ကျွန်တော်တို့ တင်ပြခဲ့တဲ့ အပိုင်းတွေမှာဆိုရင်လည်း သေချာပြန်ကြည့်လို့ရပါတယ်။ကလေးတွေအတွက်ကို နောက်ရေရှည်ကိုတွေးပြီးတော့ တင်ပြခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့တင်ပြမှုက တချို့သောပရိသတ်တွေအတွက် ခံစားမှုတစ်မျိုးဖြစ်သွားတဲ့အတွက်လည်း စိတ်မကောင်းပါဘူး။အခုဆိုရင် ကလေးတွေက အရမ်းကို စည်းကမ်းရှိတယ်။”လို့ ပြန်လည်ဖြေကြားထားပါတယ်။
“Reality Show တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ Reality ပုံစံမျိုးကို တင်ပြရခြင်းဖြစ်ပါတယ်။Reality ဆိုကတည်းက အစစ်အမှန်ပေါ့။ပြိုင်ပွဲဝင်တွေမော်ဒယ်လ်တွေရဲ့ ကြိုးစားယှဉ်ပြိုင် ရပ်တည်မှုနဲ့ လျှောက်လမ်းထက်ကပုံစံတွေကိုပဲမြင်ရတာမဟုတ်ဘဲနဲ့ Back Stage မှာ မော်ဒယ်လ်တစ်ယောက်ကြိုးစားယှဉ်သန်ရပ်တည်ရတဲ့ ခက်ခဲမှုအပိုင်းတွေကို ပါပြသတာပါ။လုံးဝကွယ်ဝှက်ထားခြင်းမရှိပါဘူး”လို့ “The Model Academy”အစီအစဉ်ရဲ့ အနှစ်သာရနဲ့ ပတ်သက်ပြီးလည်း ပြောကြားလာပါသေးတယ်။
Source : Exclusive Om CeleGabar
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။
“Reality Show တစ်ခုဖြစ်တာကြောင့် Back Stageမှာ ရပ်တည်ရတဲ့ အပိုင်းတွေကိုပါပြသတာပါဆိုတဲ့ ဇင်အောင်”