မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ ငယ်ငယ်လေးနဲ့အကယ်ဒမီဆုရထားသလို “မီ” ဇာတ်ကားနောက်ပိုင်းမှာ ပရိသတ်အားပေးမှုတစ်ရှိန်ထိုးမြင့်တက်လာတဲ့မင်းသမီးတစ်လက်ပါ။လက်ရှိမှာလည်း “ထာဝရနှောင်ကြိုး”ဇာတ်ကားနဲ့ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့မင်းသမီးတစ်လက်ပါ။သုသုကတော့ လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ “သခင်ကြီးနဲ့ငါးပိတို့စရာ”ဇာတ်ကားရဲ့ Red Carpet Show ကို အောက်တိုဘာလ(၂၇) ရက်နေ့ တနင်္ဂနွေနေ့ညမှာတက်ရောက်ခဲ့ပါတယ်။
“သခင်ကြီးနဲ့ငါးပိတို့စရာ” ဇာတ်ကားဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ သက်မွန်မြင့်ဦးဆောင်ပါဝင်ထားတဲ့ ဒရမ်မာဇာတ်ကားကောင်းတစ်ခုပါ။ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်လှသလို သရုပ်ဆောင်ပိုင်နိုင်လွန်းတဲ့ သက်မွန်ကြောင့်ဒီဇာတ်ကားဟာပရိသတ်စိတ်ဝင်စားမှုခံနေရပြီး ဒီဇာတ်ကားနဲ့ပဲ သက်မွန်တစ်ယောက် အကယ်ဒမီဆုဆွတ်ခူးလိမ့်မယ်လို့ထင်ကြေးပေးခံနေရပါတယ်။
သုသုကတော့ သက်မွန်ရဲ့သရုပ်ဆောင်ချက်တွေအလွန်ကောင်းမွန်ကြောင်းကို
“သုသုကပညာရှင်မဟုတ်တော့ ကျန်တာတွေနားမလည်ပါဘူး ဒါပေမယ့် ကိုယ်တိုင်ကသရုပ်ဆောင်ဆိုတော့ချစ်သော မသက်မွန် ကိုတော့တကယ်လေးစားပါတယ်
ဇာတ်သိမ်းခန်းဟာတော်တော်အချိန်အကြာကြီးယူရိုက်ခဲ့ရမှာဆိုတော့ မသက်မွန်လူရော စိတ်ရောဘယ်လောက်ထိပင်ပန်းခဲ့မယ်ဆိုတာတွေးကြည့်ရုံနဲ့ အသက်ရှူပါကြပ်ပါတယ်” လို့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။
ဒရမ်မာအကြမ်းစားကြီးဖြစ်တဲ့ “သခင်ကြီးနဲ့ငါးပိတို့စရာ” ဇာတ်ကားကို အောက်တိုဘာလ(၃၁)ရက်နေ့မှာစတင်ပြေသတော့မှာပါ။သုသုတစ်ယောက် အကြီးအကျယ်ချီးကျူးထားရပါတဲ့ ဒီဇာတ်ကားကြီးကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့သက်မွန်ရဲ့ပရိသတ်တွေကရင်ခုန်နေကြတော့မှာပါ။Cele Gabar ပရိသတ်ကြီးထဲမှာ ဒီဇာတ်ကားကိုစိတ်ဝင်တစားနဲ့စောင့်ကြည့်ချင်တဲ့သူတွေရှိနေပြီလားနော်….။
Source : PaingPhyoThu
Moe – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်
“သခင်ကြီးနဲ့ငါးပိတို့စရာ”ဇာတ်ကားမှာသက်မွန်ရဲ့ကြိုးစားအားထုတ်မှုတွေကိုလေးစားမိကြောင်း ပြောလိုက်တဲ့ ပိုင်ဖြိုးသု
မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ ငယ်ငယ်လေးနဲ့အကယ်ဒမီဆုရထားသလို “မီ” ဇာတ်ကားနောက်ပိုင်းမှာ ပရိသတ်အားပေးမှုတစ်ရှိန်ထိုးမြင့်တက်လာတဲ့မင်းသမီးတစ်လက်ပါ။လက်ရှိမှာလည်း “ထာဝရနှောင်ကြိုး”ဇာတ်ကားနဲ့ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့မင်းသမီးတစ်လက်ပါ။သုသုကတော့ လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ “သခင်ကြီးနဲ့ငါးပိတို့စရာ”ဇာတ်ကားရဲ့ Red Carpet Show ကို အောက်တိုဘာလ(၂၇) ရက်နေ့ တနင်္ဂနွေနေ့ညမှာတက်ရောက်ခဲ့ပါတယ်။
“သခင်ကြီးနဲ့ငါးပိတို့စရာ” ဇာတ်ကားဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ သက်မွန်မြင့်ဦးဆောင်ပါဝင်ထားတဲ့ ဒရမ်မာဇာတ်ကားကောင်းတစ်ခုပါ။
ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်လှသလို သရုပ်ဆောင်ပိုင်နိုင်လွန်းတဲ့ သက်မွန်ကြောင့်ဒီဇာတ်ကားဟာပရိသတ်စိတ်ဝင်စားမှုခံနေရပြီး ဒီဇာတ်ကားနဲ့ပဲ သက်မွန်တစ်ယောက် အကယ်ဒမီဆုဆွတ်ခူးလိမ့်မယ်လို့ထင်ကြေးပေးခံနေရပါတယ်။သုသုကတော့ သက်မွန်ရဲ့သရုပ်ဆောင်ချက်တွေအလွန်ကောင်းမွန်ကြောင်းကို