“ပြိုင်ပွဲဝင်ခဲ့စဉ်ကသူ့ Voting နံပါတ်နဲ့တူတဲ့ သူလေးကို ဝန်းရံလိုက်တဲ့ ချမ်းမြေ့မောင်ချို”
celegabar.com
|
2019-11-01

Myanmar Idol Season (3)ရဲ့ First Winner Upဆုရှင်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကတော့ ပြိုင်ပွဲဝင်နေစဉ်ကာလကတည်းက ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိခဲ့ပြီး လက်ရှိမှာလည်း အဆိုတော်တစ်ယောက်အနေနဲ့ ကိုယ်ပိုင်သီချင်းတွေလည်း ထွက်ရှိထားပါသေးတယ်။လက်ရှိမှာတော့ Myanmar Idol Season (4)ပြိုင်ပွဲကြီးကလည်း ပြန်လည်စတင်နေပြီ Top-11 Performance Show သီဆိုဖျော်ဖြေတဲ့အဆင့်ထိကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် (၁၁)ယောက်ရဲ့ Voting နံပါတ်တွေကလည်း ထွက်ရှိနေပြီဖြစ်ပြီး ချမ်းမြေ့မောင်ချိုကတော့ သူပြိုင်ပွဲဝင်ခဲ့စဉ်တုန်းက သူမရဲ့ Voting နံပါတ်(၁၁)နဲ့တူတဲ့ ဒီတစ်ခေါက်ပြိုင်ပွဲဝင်လေးကို ဝန်းရံခဲ့တာပဲဖြစ်ပါတယ်။Season (4)ရဲ့ Votingနံပါတ်(၁၁)ကတော့ ပရိသတ်တွေ အသံပါဝါကောင်းကောင်းနဲ့ ငယ်ငယ်ထဲကသီချင်းဆိုပြိုင်ပွဲတွေမှာ သီဆိုယှဉ်ပြိုင်ခဲ့တဲ့ အေးမြဖြူပဲဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ အေးမြဖြူကို ဝန်းရံတဲ့ အကြောင်းကို “11လေးဘယ်လိုလုပ်မလဲကြည့်နေရင်းနဲ့ 77711လည်းဆိုရော ကိုယ့်ပါးလေးကို ပုတ်ပြီး 11ပါလို့ အော်မိတယ်”ဆိုပြီး သူ့ရဲ့လူမှုကွန်စာမျက်နှာကနေဖော်ပြထားတာပါ။CeleGabar ပရိသတ်ကြီးတွေကရော အခုတစ်ခေါက် Myanmar Idol Season (4)မှာ ဘယ်သူ့ကို အားပေးဝန်းရံကြမှာလဲ???

Source – ChanMyae MgCho
Photo Credit – Myanmar Idol
CleoPaTra – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

Some text some message..