“အမကြီး ပီသလှတဲ့ သမီးလေးရွှန်းရွှန်းကြောင့် ပီတိဖြစ်နေရတဲ့ ခိုင်နှင်းဝေ”
celegabar.com
|
2019-11-04

မြန်မာနိုင်ငံရဲ့ ပရဟိတမိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြရတဲ့ မင်းသမီးခိုင်နှင်းဝေကတော့ လက်တလောမှာ သူရဲ့ ဂေဟာမှာ ခေါ်ယူပြီး သားသမီးအရင်းသဖွယ် ကျွေးမွေးပြုစုစောင့်ရှောက်ထားတဲ့ ကလေးတွေက တစ်ဦးနဲ့ တစ်ဦး အရမ်းကိုရင်းနှီးချစ်ခင်ကြတာကြောင့် ခိုင်းနှင်းဝေကပီတိဖြစ်နေရပါတယ်။ကလေးတွေထဲမှာမှ အကြီးဆုံးဖြစ်တဲ့ သမီး ရွှန်းဝတီခိုင်ရဲ့ အမကြီး အမိရာ ပီသနေမှုကို ခိုင်းနှင်းဝေက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲဖော်ပြလာတာဖြစ်ပါတယ်။

“အစ်မကြီးတော့ အမိရာ တဲ့ ဆိုရိုးစကားအတိုင်းပဲ။ ကျွန်မ သမီးလေးသည် ကျွန်မရဲ့ သားတွေသမီးတွေ အားလုံးအပေါ် အစ်မကြီးတစ်ယောက်ပီသစွာချစ်ခင်စေမယ်။ ညှာတာစိတ်ရှိစေမယ်။ ဖေးကူလိုစိတ်ရှိစေမယ်။မောင်လေး ညီမလေးတွေရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်စေမယ်”လို့ သမီး ရွှန်းဝတီခိုင်ရဲ့ မောင်းလေး ညီမလေးတွေအပေါ်မှာ ချစ်ခင်ပြီး ညှာတာသနားစိတ်အပြည့်ရှိတဲ့ အကြောင်းလည်း ဖော်ပြထားပါသေးတယ်။

ခိုင်နှင်းဝေက သူခေါ်ယူပြီးစောင့်ရှောက်ထားတဲ့ ခိုကိုးရာမဲ့ လူမမယ်ကလေးတွေကို စည်းစည်းလုံးလုံးနဲက တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင်ဖြစ်အောင် အခုလို ကလေးအရွယ်ထဲက ပြုစုပျိုးထောင်သွားမှာဖြစ်ပြီး နောက်ထပ် ဂေဟာကို ရောက်လာမယ့် ကလေးတွေကိုလည်း မောင်လေးညီမလေးတွေလိုမျိုး မိသားစုဆိုတဲ့ အသိစိတ်ထည့်ပေးထားမယ်ဆိုတဲ့ အကြောင်းနဲ့ ကလေးတွေဟာ လောကကြီးနဲ့လူသားတွေအတွက် တထောင့်တနေရာကနေ အကျိုးပြုလာနိုင်မယ့် လူသားတွေအဖြစ် မြင်ရမယ့်တနေ့ကိုမျှော်လင့်မိကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။

Source – Khine Hnin Wai
CleoPaTra – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

Some text some message..