“အိမ်ထောင်သက် (၁၅)နှစ်ပြည့်သွားပြီဖြစ်တဲ့ လူမင်းနဲ့ခင်စံပယ်ဦး”
celegabar.com
|
2019-11-07

ဒီနေ့ကျရောက်တဲ့ (၇.၁၁.၂၀၁၉)ရက်နေ့လေးကတော့ လူမင်းနဲ့ခင်စံပယ်ဦးတို့ရဲ့ မင်္ဂလာသက်တမ်း (၁၅)နှစ်ပြည့်တဲ့နေ့လေးပဲဖြစ်ပါတယ်။ လူမင်းဟာ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိအောင်မြင်မှုကို ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ လက်ရှိမှာ ဧဝရတ် ရုပ်ရှင်ထုတ်ရေးကိုတည်ထောင်ထားပြီး လူစိတ်ဝင်စားမှုမြင့်မားနေတဲ့ “အောင်ဆန်း” ရုပ်ရှင်ကိုလည်း ဒါရိုက်တာအဖြစ်နဲ့ရိုက်ကူးနေတာဖြစ်ပါတယ်။

သူဒါရိုက်တာအဖြစ်နဲ့ရိုက်ကူးထားတဲ့ “ကျန်စစ်မင်း”ဇာတ်ကားဟာဆိုရင်လည် နိုင်ငံတကာမှာရုံတင်ပြသခွင့်ရခဲ့တာဖြစ်ပြီး အောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားတစ်ခုဆိုလည်း မမှားပါဘူး။ ဒါ့အပြင် မကြာခင်မှာရုံတင်ပြသတော့မယ့် “ကိုကို ငလက်မ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း လူမင်း၊ရာဇာနေဝင်း၊ထွန်းထွန်း၊ စိုးမြတ်သူဇာ၊သဉ္ဇာနွယ်ဝင်းတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

လူမင်းဟာ အိမ်ထောင်သက်(၁၅)နှစ်မှာ ဧရာဝတီလူမင်းလို့ခေါ်တဲ့ သမီးလေးတစ်ယောက်နဲ့ ဧဝရတ်လူမင်းလို့ခေါ်တဲ့ သားလေးတစ်ယောက်ထွန်းကားခဲ့တာဖြစ်ပါတယ်။ လိမ္မာယဉ်ကျေးတဲ့ သမီးလေး၊သားလေးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဆိုလည်းမမှားပါဘူး။ ဒါ့အပြင် လူမင်းတို့မိသားစုဟာ မကြာခဏအလှူပြုလုပ်လေ့ရှိပြီး ဘာသာတရားရိုသေကိုင်းရှိုင်းသူတွေလည်းဖြစ်ပါတယ်။ လူမင်းဟာအိမ်ထောင်သက် (၁၅)နှစ်ပြည့်မှာ မင်္ဂလာဆောင်တုန်းကပုံလေးနဲ့အတူ ချစ်ရတဲ့ပရိသတ်ကြီးကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။

Source – Ayarwady Lu Min
Rainbow – Cele GAbar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Some text some message..