လူတိုင်းလိုချင်နေကြတဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခုကို မြန်မာပရိသတ်အတွက် သီးသန့် မဲဖောက်ပေးမယ့် Sinon Loresca
celegabar.com
|
2019-11-08



မြန်မာနိုင်ငံသားတွေထက် မြန်မာနိုင်ငံကို ပိုချစ်ပြီး တန်ဖိုးထားတတ်လို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ LGBTေမာ်ဒယ်တစ်ဦးဖြစ်တဲ့ Sinon Lorescaက Cat Walk King တစ်ယောက်အဖြစ် မြန်မာပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ နိမ့်ကျတဲ့ ဘဝအခက်အခဲတွေကိုခံစားခဲ့ရတဲ့ Sinon က မိမိနဲ့ အဖြစ်တူတဲ့ နွှမ်းပါး ချို့တဲ့ သူတွေဆီ ကိုယ်တိုင်သွားရောက်ပြီး နွေးထွေးကြင်နာစွာကူညီမှုတွေပေးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလေးတွေကြောင့် မြန်မာတနိုင်ငံလုံးရဲ့ လေးစားမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။




လက်ရှိမှာဆိုရင် မြန်မာနိုင်ငံမှာ ရုပ်ရှင်ကားတောင်ရိုက်ကူးနေပြီဖြစ်ပြီး မကြာခင်မှာ မြန်မာရုပ်ရှင်ဇာတ်ကားကြီးမှာ Sinon ရဲ့ အတုခိုးဖို့မလွယ်တဲ့ သူ့ရဲ့ အိုက်တင်လေးတွေကို မြင်တွေ့ရအုံးမှာပါ။ မြန်မာပြည်သူပြည်သားတွေကို ချစ်ရှုံးသာမက မြန်မာနိုင်ငံရဲ့လှပတင့်တယ်မှုကိုလည်း တန်ဖိုးထားတတ်တဲ့ Sinon က ယခုအချိန်မှာတော့ မြန်မာတွေရဲ့ အချစ်တွေ လေးစားမှုတွေကို ပိုင်ဆိုင်ထားတဲ့ တိုင်းတစ်ပါးက ပထမဦးဆုံး မော်ဒယ်တစ်ဦးဖြစ်ပါတယ်။





အလှူအတန်းတွေ ကိုယ်တိုင်သွားရောက် လုပ်လေ့ရှိတဲ့ Sinon ကို မြန်မာပရိသတ်တွေချစ်ပေးသလို Sinon ကလည်း ပရိသတ်တွေအတွက် ကံစမ်းမဲလေးတစ်ခုစီစဉ်ထားပြီး သူ့ရဲ့ အချစ်တွေကိုသက်သေပြလိုက်တာပါနော်။ စထွက်ကတည်းက လူတိုင်းလိုချင်နေကတဲ့ iPhone 11 ကို မဲဖောက်ပေးမှာဖြစ်ပြီး Sinon တင်ထားတဲ့ Post ေလးကို Share လိုက်တာနဲ့ iPhone 11ကြီးကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးကို CeleGabar ပရိသတ်တွေလက်မလွှတ်ရအောင် တင်ပေးလိုက်ပါတယ်နော်။



Source:Sinon Loresca
NORA:CeleGabar
(Zawgyi ဖြင့်ဖတ်ရန်)
လူတိုင်းလိုချင်နေကြတဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခုကို မြန်မာပရိသတ်အတွက် သီးသန့် မဲဖောက်ပေးမယ့် Sinon Loresca



မြန်မာနိုင်ငံသားတွေထက် မြန်မာနိုင်ငံကို ပိုချစ်ပြီး တန်ဖိုးထားတတ်လို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ LGBTမော်ဒယ်တစ်ဦးဖြစ်တဲ့ Sinon Lorescaက Cat Walk King တစ်ယောက်အဖြစ် မြန်မာပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ နိမ့်ကျတဲ့ ဘဝအခက်အခဲတွေကိုခံစားခဲ့ရတဲ့ Sinon က မိမိနဲ့ အဖြစ်တူတဲ့ နွှမ်းပါး ချို့တဲ့ သူတွေဆီ ကိုယ်တိုင်သွားရောက်ပြီး နွေးထွေးကြင်နာစွာကူညီမှုတွေပေးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလေးတွေကြောင့် မြန်မာတနိုင်ငံလုံးရဲ့ လေးစားမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။
လက်ရှိမှာဆိုရင် မြန်မာနိုင်ငံမှာ ရုပ်ရှင်ကားတောင်ရိုက်ကူးနေပြီဖြစ်ပြီး မကြာခင်မှာ မြန်မာရုပ်ရှင်ဇာတ်ကားကြီးမှာ Sinon ရဲ့ အတုခိုးဖို့မလွယ်တဲ့ သူ့ရဲ့ အိုက်တင်လေးတွေကို မြင်တွေ့ရအုံးမှာပါ။ မြန်မာပြည်သူပြည်သားတွေကို ချစ်ရှုံးသာမက မြန်မာနိုင်ငံရဲ့လှပတင့်တယ်မှုကိုလည်း တန်ဖိုးထားတတ်တဲ့ Sinon က ယခုအချိန်မှာတော့ မြန်မာတွေရဲ့ အချစ်တွေ လေးစားမှုတွေကို ပိုင်ဆိုင်ထားတဲ့ တိုင်းတစ်ပါးက ပထမဦးဆုံး မော်ဒယ်တစ်ဦးဖြစ်ပါတယ်။
အလှူအတန်းတွေ ကိုယ်တိုင်သွားရောက် လုပ်လေ့ရှိတဲ့ Sinon ကို မြန်မာပရိသတ်တွေချစ်ပေးသလို Sinon ကလည်း ပရိသတ်တွေအတွက် ကံစမ်းမဲလေးတစ်ခုစီစဉ်ထားပြီး သူ့ရဲ့ အချစ်တွေကိုသက်သေပြလိုက်တာပါနော်။ စထွက်ကတည်းက လူတိုင်းလိုချင်နေကတဲ့ iPhone 11 ကို မဲဖောက်ပေးမှာဖြစ်ပြီး Sinon တင်ထားတဲ့ Post လေးကို Share လိုက်တာနဲ့ iphone 11ကြီးကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးကို CeleGabar ပရိသတ်တွေလက်မလွှတ်ရအောင် တင်ပေးလိုက်ပါတယ်နော်။




Some text some message..