မိုးဟေကိုရဲ့ Myanmar Traditional Fashion
moda.com.mm
|
2019-11-08


အခုဖော်ပြပေးသွားမှာကတော့ ဖက်ရှင်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ မိုးဟေကိုရဲ့ မြန်မာဝတ်စုံဖက်ရှင်ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ မိုးဟေကိုဟာ သရုပ်ဆောင်ပိုင်းမှာထူးချွန်ရုံ သာမက ဖက်ရှင်ပိုင်းမှာလည်း အမြဲ smart ကျကျနဲ့ လှပသူတစ်ဦးပါ။ ဒါတင်မကသေးဘဲ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်က ဓာတ်ပုံဆရာအများစုက အလှဓာတ်ပုံရိုက်ကူးမှုမှာ မိုးဟေကိုရဲ့ အိုက်တင်ကို မှီတဲ့သူမရှိဘူးလို့တောင် မှတ်ချက်ပေးခြင်းခံခဲ့ရသူတစ်ဦးပါ။ ယနေ့ထက်ထိလည်း သူမရဲ့ Photo တွေက ပရိသတ်ကြားရေပန်းစားနှစ်သက်မှုကို ရရှိနေဆဲပဲ ဖြစ်ပါတယ်။ သူမရဲ့ လှပမှု၊ အောင်မြင်မှု၊ နုပျိုမှုနဲ့ ဖက်ရှင်ကျမှုတွေက မျိုးဆက်သစ်လူငယ်တွေအတွက် စံထားရသူတစ်ဦးပါ။
ကဲ ဒီတော့ မိုးဟေကိုရဲ့ မြန်မာဆန်ဆန်နဲ့ လှပနေတဲ့ ပုံရိပ်တွေကို ကြည့်ကြရအောင်နော်။








Photo - Moe Hay Ko's Page

Editor : Lin Lin




Some text some message..