                                                                                                 မြန်မာနိုင်ငံရဲ့ နိုင်ငံကျော်မင်းသမီးလေး ဖြစ်တဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ ပရိသတ်တွေက အရုပ်မလေးတစ်ရုပ်လို သဘောထားပြီးချစ်ရသူလေးပါ။ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ထားသူဖြစ်တဲ့အပြင် အမာခံပရိသတ်တွေနဲ့ ရုပ်ရှင်လောကမှာ ထွန်းတောက်နေတဲ့ ငွေကြယ်ပွင့်လေးတစ်ဦးအဖြစ် မြင်တွေ့နေရတဲ့ သူလေးပါ။ 
လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပရိသတ်တွေအတွက်ကြိုးစားရိုက်ကူးနေတဲ့ ဖွေးစိန်လေးကို မြင်တွေ့ရမယ့်အပြင် ပရိသတ်တွေ အသည်းတယားယားနဲ့ အရမ်းကိုချစ်ရတဲ့ ထိပ်ထားလေးနဲ့အတူတူ ရိုက်ကူးရေးလုပ်နေတာဖြစ်ပါတယ်။ဝဝကစ်ကစ်လေးနဲ့ ငယ်ငယ်ကတည်းက စကားအရမ်းတတ်ပြီး Tiktokဗီဒီယိုလေးတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ ထိပ်ထားလေးက ပါရမီရှင်လေးတစ်ယောက်ဖြစ်ပြီး ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ယခုကတည်းက အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်နေပါပြီ။ 
                                                                                                
                                                                                                 အခုလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ရုပ်ရှင်ကားတစ်ကားဖြစ်လာမယ့် ဖွေးစိန်လေးနဲ့ ချစ်သက်တို့ တွေ့ဆုံမယ့် Love Equationရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်မယ့် ထိပ်ထားလေးကို မြင်တွေ့ရမှာပါ။ ရိုက်ကွင်းစနေပြီဖြစ်တဲ့ Love Equationရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ညီအမ အရင်းတွေလို့ ထင်ရလောက်အောင် ချစ်စရာကောင်းနေတဲ့ ဖွေးစိန်လေးနဲ့ ထိပ်ထားလေးရဲ့ ပုံရိပ်လေးတွေကို CeleGabarပရိသတ်တွေအတွက် အချစ်တွေတိုးအောင် တင်ပေးလိုက်ပြီနော်။ 
                                                                                                
                                                                                                 Source:ထိပ်ထားလေး 
NORA:CeleGabar 
(Zawgyi ဖြင့်ဖတ်ရန်) 
ချစ်စရာကောင်းတဲ့ ထိပ်ထားလေးနဲ့ ဖွေးစိန်လေးတို့ရဲ့ ရိုက်ကွင်းပေါ်ကပုံရိပ်များ 