အရောင်အသွေးစုံလင်လှပတဲ့ နေကြာပန်းခင်းကြီးနဲ့အပြိုင် လှသွေးကြွယ်နေပြီး အရမ်းချစ်ဖို့ကောင်းနေတဲ့ ဖြူဖြူထွေး
myanmarload.com
|
2019-11-09
မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် စိတ်သဘောထားလေးက နူးညံ့ဖြူစင်လွန်းသူလေး ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး အများကိုကူညီတတ်တဲ့ ဖြူဖြူထွေးက မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက သူမရဲ့ရွာလေးမှာရှိတဲ့ သက်ကြီးရွယ်အိုနဲ့ကလေးတွေအတွက် တတ်နိုင်သလောက် ကူညီလှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။
တဖြည်းဖြည်းနဲ့နာမည်ရအောင်မြင်လာတဲ့ ဖြူဖြူထွေးက အခုဆိုရင် ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတောင် ရိုက်ကူးရတော့မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြူဖြူထွေးက မြန်မာနိုင်ငံအနှံ့ ခရီးတွေထွက်ရင်း ပွဲအခမ်းအနားတွေမှာ ပါဝင်ဖျော်ဖြေနေရတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက ''မိတ္ထီလာမြို့က ပရိသတ်ကြီးရေ (၁၀ )ရက်နေ့ စုပေါင်းမဟာဘုံကထိန်မှာ ဖျော်ဖြေပါ့မယ်ရှင့်'' ဆိုပြီးပြောထားပါတယ်။
ဖြူဖြူထွေးက အရောင်အသွေးစုံလင်လှပတဲ့ နေကြာပန်းခင်းကြီးရဲ့အလယ်မှာ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကိုလည်း တင်ပေးထားပါသေးတယ်။ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေးက ပန်းလေးတွေနဲ့အပြိုင်လှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
#ဘုံကထိန်
#မင်းသမီး
#ဖြူစင်
#သက်ကြီးရွယ်အို
#မိတ္ထီလာ
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ
စတင်အသုံးပြုမည်