ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ နယ်အကြိုက် သရုပ်ဆောင်မင်းသမီးချောလေး နဒီဝင့်နိုင်ကလည်း အပါအဝင်ပါပဲ..။
သရုပ်ဆောင်ကောင်းမှုတွေနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို စရာကောင်းပြီး ပွင့်လင်းတဲ့ စကားပြောဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။
ပရိသတ်အချစ်တော်လေး နဒီဝင့်နိုင်ကတော့ လတ်တလော ပရိသတ်တွေကြားဂယက်ထ ရေပန်းစားနေတဲ့ “ကိုရေဘာတွေလဲ” ဆိုတဲ့ MTV သီချင်းလေးနဲ့ ပတ်သက်ပြီး သူမရဲ့ အမြင်လေးတွကို ပြောပြလာခဲ့ပါတယ်..။
အကြမ်းစားသရုပ်ဆောင်မှုတွေကြောင့် ဝေဖန်မှုတွေမြင့်တက်ပြီး လူပြောများနေတဲ့ MTV သီချင်းလေးက အခုလိုပျက်စီးနေတဲ့ခေတ်ကြီးမှာ ကလေးတွေအတွက် မသင့်တော်သလို သူမတောင် အဆုံးထိ မကြည့်ရဲဘူးဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်..။
အသည်းတွေယားလို့ သူမတောင် အဆုံးထိ မကြည့်ရဲဖြစ်ရပြီး ဘာပြောရမှန်းမသိအောင် ပြောစရာစကားလည်း မရှိသလို ဆင်ဆာမပေးသင့်ဘူးဆိုပြီးတော့လည်း နဒီဝင့်နိုင်ကပြောပြထားပါသေးတယ်..။
မြန်မာနိုင်ငံဖြစ်တဲ့အတွက် ပါးစပ်ကတော့ ဟာခနဲဟင်ခနဲ ဖြစ်ပေမယ့် စိတ်ထဲမှာတော့ မလိုလားကြဘူးဆိုပြီး သူမရဲ့အမြင်လေးတွေနဲ့ အကြံပေးစကားလေး ပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။