အနုပညာရှင်အချင်းချင်း လက်တွဲထားပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ထောင်ထားနိုင်တဲ့ ချစ်စရာစုံတွဲလေးတွေထဲမှာ ရွှေထူးနဲ့ ရွှေမှုံတို့စုံတွဲကလည်းတစ်တွဲအနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုအသီးသီးကို ရရှိထားတဲ့ ရွှေမှုံနဲ့ ရွှေထူးဟာ (၂၀၁၈)ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က မင်္ဂလာပွဲလေးကိုကျင်းပခဲ့တာပဲဖြစ်ပြီးလက်ရှိမှာ အိမ်ထောင်သက် (၁)နှစ်ကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။
ရွှေထူးကတော့ ချစ်ဇနီးလေး ရွှေမှုံကို မျက်နှာအညှိုးမခံဘဲ အမြဲလိုလို အလိုလိုက်လေ့ရှိတာကြောင့် ပရိသတ်တွေက ရွှေထူးနဲ့ ရွှေမှုံတို့ စုံတွဲလေးကို သဘောကျပြီးနှစ်သက်နေကြတာပဲဖြစ်ပါတယ်။လတ်တလောမှာထွက်ရှိလာတဲ့ ရွှေထူးရဲ့ “RichKid”သီချင်းမှာတော့ မိန်းမဖြစ်သူ ရွှေမှုံရတီရဲ့နာမည်ကို ထည့်ပြီးရေးခဲ့တာကြောင့် ပရိသတ်တွေကပွဲကျနေတာပါ။
အခုလို ထည့်သွင်းရေးသားခဲ့ဖြစ်ခဲ့တာကိုတော့ “ကျွန်တော်နဲ့ Timmy နဲ့ သီချင်းတွေလုပ်နေရင်း ဒီသီချင်းမှာ ကောင်မလေးတစ်ယောက်ရဲ့ နာမည်ကိုထည့်မယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်က ငါကတော့တခြားဟာတော့မရှိဘူး။ ငါ့မိန်းမနာမည်ပဲထည့်မယ်။”ဆိုပြီး ထည့်ဖြစ်သွားတာလို့ ဖြေကြားထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ရွှေထူးတစ်ယောက် အင်တာဗျူး ဖြေကြားထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။
Source – Exclusive On CeleGabar
CleoPaTra – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။
“Rich Kid သီချင်းထဲမှာ မိန်းမဖြစ်သူရဲ့ နာမည်ကို ထည့်ဖြစ်တာနဲ့ပတ်သက်ပြီး ပြောပြလာတဲ့ ရွှေထူး”