ဆောင်းဝတ်ရည်မေလို့ခေါ်တဲ့ မင်းသမီးလေးတုတုကတော့ သူအားပေးတဲ့ ဆယ်လီနှစ်ယောက်ရန်ကုန်ကို ရောက်လာလို့ပျော်နေတာဖြစ်ပါတယ်။ သူအားပေးတဲ့သူတွေကတော့ Kaung Kin အကောင့်နဲ့ Tik Tok ဗွီဒီယိုတွေဆော့ပြီး နာမည်ကျော်ကြားလာတဲ့ ဆယ်လီမမနှစ်ယောက်ပဲဖြစ်ပါတယ်။ Tik Tok ဗွီဒီယိုတွေခေတ်စားလာပြီးနောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ အရှိတိုင်း ရီစရာဗွီဒီယိုလေးတွေဖန်တီးခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေကို ရီမောပျော်ရွှင်စေခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ ဟာသဆန်ဆန် ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ရုပ်ရှင်သရုပ်ဆောင်အချို့ကပါ အားပေးလာကြတာလို့ဆိုရမှာပါ။ အဲ့လိုအားပေးတဲ့ထဲမှာတော့ တုတုလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး သူတို့နှစ်ယောက်ရန်ကုန်ရောက်လာလို့ ပျော်နေတဲ့အကြောင်းကို “Tik Tok မှာသူတို့ Video ဆိုမကျော်ဘဲ အားပေးလာရတဲ့ နှစ်ယောက်တောင် ရန်ကုန်ရောက်လာပြီ…ကျွန်မက ပိန်ပိန်သေးသေးလေးရဲ့ဖန်ပါ” ဆိုပြီး သူရဲ့ဖေ့ဘွတ်ခ်အကောင့်မှာရေးသားခဲ့တာဖြစ်ပါတယ်။
တုတုကတော့ ပရိသတ်အချစ်တွေကိုသိမ်းပိုက်ထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ခဲ့တာဖြစ်ပြီး “ချစ်ခြင်းတရားတို့ရှိရာ” ဇာတ်လမ်းတွဲမှာ သက်သက်ဇော်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တုတုကတော့ ချစ်စဖွယ်အပြုံး၊ သွယ်လျလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အပြင် စိတ်ထားကောင်းတာကြောင့် အမာခံပရိသတ်အင်အားတောင့်တင်းတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ တုတုလေးကတော့ ဆယ်လီမမနှစ်ယောက်ရဲ့ ဖန်ပါတဲ့နော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော သူတို့နှစ်ယောက်ရဲ့ဖန်တွေရှိလား ဖြေပေးခဲ့ပါဦနော်။
Source – Hsaung Wutyee May
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်
“Tik Tok ဆယ်လီမမနှစ်ယောက် ရန်ကုန်ရောက်လာလို့ ပျော်နေတဲ့ တုတုလေး”
ဆောင်းဝတ်ရည်မေလို့ခေါ်တဲ့ မင်းသမီးလေးတုတုကတော့ သူအားပေးတဲ့ ဆယ်လီနှစ်ယောက်ရန်ကုန်ကို ရောက်လာလို့ပျော်နေတာဖြစ်ပါတယ်။ သူအားပေးတဲ့သူတွေကတော့ Kaung Kin အကောင့်နဲ့ Tik Tok ဗွီဒီယိုတွေဆော့ပြီး နာမည်ကျော်ကြားလာတဲ့ ဆယ်လီမမနှစ်ယောက်ပဲဖြစ်ပါတယ်။ Tik Tok ဗွီဒီယိုတွေခေတ်စားလာပြီးနောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ အရှိတိုင်း ရီစရာဗွီဒီယိုလေးတွေဖန်တီးခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေကို ရီမောပျော်ရွှင်စေခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ ဟာသဆန်ဆန် ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ရုပ်ရှင်သရုပ်ဆောင်အချို့ကပါ အားပေးလာကြတာလို့ဆိုရမှာပါ။ အဲ့လိုအားပေးတဲ့ထဲမှာတော့ တုတုလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး သူတို့နှစ်ယောက်ရန်ကုန်ရောက်လာလို့ ပျော်နေတဲ့အကြောင်းကို “Tik Tok မှာသူတို့ Video ဆိုမကျော်ဘဲအားပေးလာရတဲ့ နှစ်ယောက်တောင် ရန်ကုန်ရောက်လာပြီ…ကျွန်မက ပိန်ပိန်သေးသေးလေးရဲ့ဖန်ပါ” ဆိုပြီး သူရဲ့ဖေ့ဘွတ်ခ်အကောင့်မှာရေးသားခဲ့တာဖြစ်ပါတယ်။