မေ လို့ချစ်စနိုးခေါ်ကြတဲ့မေမြတ်နိုးကိုတော့ ပရိသတ်တွေသိကြမှာပါ။မေမြတ်နိုးဟာ အလှမယ်၊မော်ဒယ်လ်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။မြင့်မားတဲ့အရပ်နဲ့အတူကျစ်လစ်သွယ်လျတဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့ အမိုက်စားမော်ဒယ်လ်တစ်ယောက်လည်းဖြစ်ပါတယ်။
ဒိတ်ဒိတ်ကြဲမော်ဒယ်တစ်ယောက်ဖြစ်တာနဲ့စင်္ကာပူနိုင်ငံကမော်ဒယ်အေဂျင်စီနဲ့လည်းလက်တွဲလုပ်နေသလို ဟောလိဝုဒ်ဇာတ်ကားမှာတောင်မှပါဝင်ခွင့်ရထားသူလေးဖြစ်ပါတယ်။ဒိတ်ဒိတ်ကြဲမော်ဒယ်လ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Asia Next Top Model ပြိုင်ပွဲမှာလည်း မြန်မာကိုယ်စားပြုအဖြစ်ပထမဆုံးပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ပါ။အခုဆိုရင် ရုံတင်တော့မဲ့ ဇာတ်ကားသစ်တစ်ခုမှာ မေမြတ်နိုးကိုမြင်တွေ့ခွင့်ရတော့မှာပါ။
အဲ့ဒီဇာတ်ကားနာမည်ကတော့ ယူရီ ဖြစ်ပြီး လူငယ်တွေကိုအခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။မတူညီတဲ့ဘဝနှစ်ခုကြားက ချစ်ခြင်းမေတ္တာကိုပုံဖော်ရိုက်ကူးထားတာပါ.ဒီဇာတ်ကားမှာတော့ မေက စုန်းအတတ်ပညာရှိတယ်လို့ ယူဆခံရပြီး တစ်ကျောင်းလုံးရဲ့ ဝိုင်းပယ်ခြင်းကိုခံထားရတဲ့ကျောင်းသူ ယူရီရဲ့ တစ်ဦးတည်းသောသူငယ်ချင်းလေးနေရာကနေသရုပ်ဆောင်မှာဖြစ်ပါတယ်။မေရဲ့ပရိသတ်တွေကတော့ ရင်ခုန်နေမယ်လို့ထင်ပါတယ်။
Source : MayMyatNoe,Yuri Film-ယူရီ
Moe – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်
ရုပ်ရှင်ဇာတ်ကားထဲမှာကျောင်းသူလေးတစ်ယောက်အဖြစ်မြင်တွေ့ရတော့မယ့် စူပါမော်ဒယ်မေမြတ်နိုး