လတ်တလောမှာဖြစ်ပွားခဲ့တဲ့ အဆိုတော်ကျားပေါက် (ဟန်ထူးလွင်)နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ ဇုံဇုံတို့ ရုတ်တရတ်ကြီးဆိုသလို ကွာရှင်းပြတ်ဆဲကြောင်းကို ကြေညာလိုက်တဲ့ သတင်းဟာ ပရိသတ်တွေကြားမှာ ဝမ်းနည်းစရာသတင်းတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ကျားပေါက်တို့ စုံတွဲလေးဟာ ချစ်စရာကောင်းတဲ့ သမီးလေး(၂)ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး
အိမ်ထောင်သက်ဟာ (၁၀)စုနှစ်တစ်ခုကျော်အထိကို လက်တွဲထားတဲ့ စုံတွဲလေးတစ်တွဲဖြစ်တာကြောင့် အခုလို ဖြစ်ကြတဲ့ အပေါ် ပရိသတ်တွေက အတော်လေး စိတ်မကောင်းဖြစ်နေကြတာပါ။အခုလို ကွာရှင်းပြတ်ဆဲပြီးတဲ့ နောက်ပိုင်းမှာလည်း အဆိုတော်ကျားပေါက်ဟာ သို့လော သို့သော သတင်းတွေလည်း ထွက်ရှိနေပါသေးတယ်။အခုလို ထွက်ပေါ်လာတဲ့ သတင်းတွေကို ရေးသားဖော်ပြကြတဲ့ အခါမှာတော့ သမီးလေးနှစ်ယောက်ရဲ့ ပုံတွေကိုပါ ဖော်ပြနေကြတာတွေကိုလည်း တွေ့မြင်ရပါတယ်။
ဇုံဇုံကတော့ အခုလို ကိစ္စရပ်တွေဖော်ပြတဲ့ အခါမှာသမီးလေးတွေရဲ့ ပုံတွေကို မဖော်ပြကြဖို့ကို မေတ္တာရပ်ခံလိုက်တာပါ။” သမီးတွေပုံကို မတင်ကြပါနဲ့ “လို့ ဇုံဇုံက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဇုံဇုံရဲ့ မေတ္တာရပ်ခံတောင်းဆိုချက်တွေကို လိုက်နာပေးကြဖို့ကိုလည်းထောက်ခံပြောဆိုထားကြပါတယ်။
Source – Su Lei Win ZoneZone
CleoPaTra – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။
“သမီးတွေရဲ့ ပုံတွေကို အသုံးမပြုဖို့ မေတ္တာရပ်ခံလိုက်တဲ့ ဇုံဇုံ”