လူတစ်ချို့ရဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ပရိသတ်တွေရဲ့ စိတ်ဝင်တစား စောင့်ကြည့်အားပေးခြင်းခံနေရတဲ့ ” မြမြ ” ရုပ်ရှင် ဇာတ်ကားကြီးကို သည်းထိပ်ရင်ဖို ဇာတ်ကားကောင်းတွေရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ ညိုမင်းလွင်မှ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ ရိုက်ကွင်းမှာ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ ယမုံတစ်ယောက် ထိပ်လန့်ဖွယ်ဖြစ်ရပ်နဲ့ ကြုံတွေ့လိုက်ရပုံကို “ရိုက်ကွင်းမှာ ယမုံ့အင်္ကျီကိုနောက်ကနေလာဆောင့်ဆွဲတယ်၊မယုံရင် ယမုံ့အမေအန်တီဒေါ်မော်မော်စိုးကိုမေးကြည့် ကြည့်” ဆိုပြီး “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ လူမှုကွန်ရက်ပေါ်မှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ မတရားမုဒိန်းကျင့်ကာ ရက်ရက်စက်စက် မြေမြုပ်ခံခဲ့ရတဲ့ မြမြဆိုတဲ့ သရဲမလေးအကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသမီးချောလေး သင်ဇာဝင့်ကျော် ကအဓိကပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး မျက်နှာသစ် လူကြမ်းမင်းသား(၃)ယောက်ကိုလည်း ရွေးချယ်ခဲ့ပါသေးတယ်။Social Influencer ဒီဒီးကတော့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ မင်းသားတစ်ယောက်အနေဖြင့် သရုပ်ဆောင်လောကကို စတင်ဝင်ရောက်လာခဲ့ပါတယ်။
CeleGabar ပရိသတ်ကြီးရေ အခုလို “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းမှာ ကြုံတွေ့ရတဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်ကိုတော့ ယုံကြပြီး မြမြဆိုတဲ့သရဲမလေးအခုထိရှိသေးတယ်လို့ ပရိသတ်အချို့ ကတော့ ယုံကြည့်နေကြတုန်းပါပဲနော်။
Source: မွမွ
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
“”မြမြ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းမှ ထိပ်လန့်ဖွယ်ဖြစ်ရပ်”