Winter Party Dress Fashion
moda.com.mm
|
2019-11-23



ယခုရက်သတ္တပတ်အတွင်းမှာ ဝတ်ဆင်ခဲ့တဲ့ International Celebrity တွေရဲ့ Party Dress Fashion တွေအကြောင်းကို ဖော်ပြပေးသွားပါမယ်နော်။ လာမယ့် Winter Party တွေမှာလည်း ယခုဖော်ပြပေးမယ့် ဖက်ရှင်တွေက ခေတ်စားလာဦးမှာဖြစ်လို့ ဘယ် Celebrity တွေက ဘယ်လို ဖက်ရှင်ဒီဇိုင်းတွေနဲ့ အမိုက်စားဖြစ်နေမလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။


Camila Coelho

Los Angeles , The Allbright မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Furtuna Skin launch ပွကို တက်ရောက်ခဲ့တဲ့ Camila Coelho ရဲ့ ဖက်ရှင်ပါ။ အညိုရောင်လည်သာ ကုတ်အရှည်ဖက်ရှင်နဲ့ အမိုက်စားဖြစ်နေပါတယ်။


Carlotta Kohl

NYC မှာ ကျင်းပပြုလုပ်ခဲ့တဲ့ a screening and dinner for film Link ပွဲကို တက်ရောက်ခဲ့တဲ့ Carlotta Kohl ရဲ့ အမိုက်စားဖက်ရှင်က ယခုနှစ်ဆောင်းရာသီမှာ ခေတ်စားလာမယ့် ဖက်ရှင်တစ်ခုဖြစ်နေပါတယ်။



Christine
မိတ်ကပ်ရောင်ဇာအပါးစကို လုံလုံခြုံခြုံနဲ့ ဒီဇိုင်းဖန်တီးပြီး the Guggenheim International Gala at Solomon R. Guggenheim Museum ပွဲကို တက်ရောက်လာသူကတော့ Christine ပဲ ဖြစ်ပါတယ်။



Elsa Hosk
the boohoo x All That Glitters launch party ကို တက်ရောက်ခဲ့တဲ့ Elsa Hosk ပါ။ အနက်ရောင် ဂါဝန်လေးက Party Trend နဲ့ လိုက်ဖက်လွန်းလှပါတယ်။



Eva Mendes
ပေါ့ပေါ့ပါးပါး အမိုက်စားဖက်ရှင်နဲ့ holiday collection ပွဲတက်ရောက်လာခဲ့သူကတော့ Eva Mendes ပါ။



Karlie Kloss
The Guggenheim International Gala at Solomon R. Guggenheim Museum ပွဲ တက်ရောက်ခဲ့တဲ့ Karlie Kloss ကို အဖြူရောင် ခပ်မိုက်မိုက်ဖက်ရှင်နဲ့ တွေ့ရမှာပါ။



Zoey Deutch
အနက်ရောင်ဂါဝန်ကို ဖက်ရှင်ကျကျဝတ်ဆင်ထားသူကတော့ Zoey Deutch ပါ။ သူမတက်ရောက်ခဲ့တဲ့ပွဲကလည်း At the Guggenheim International Gala at Solomon R. Guggenheim Museumပွဲပဲဖြစ်ပါတယ်။

Editor : Lin Lin




Some text some message..