
Bollywood King လို့ပရိသတ်တွေအသိအမှတ်ပြုအားပေးကြတဲ့ နာမည်ကျော်မင်းသား Shahrukh Khan ဟာအနုပညာလောကမှာတင် ကျွမ်းကျင်တာမဟုတ်ပါဘူး။ချစ်ရေးချစ်ရာကိစ္စတွေမှာလည်းကျွမ်းကျင်တယ်ပြောရမလား။ကျွမ်းကျင်တယ်ဆိုတာထက် ချစ်တတ်တယ်ပဲပြောရမှာပါ။
SRK ဟာဇနီးဖြစ်သူ Gauri Chibber ကို ခြောက်နှစ်တာပိုးပန်းခဲ့ရပါတယ်တဲ့။ခြောက်နှစ်ကြာစိတ်ရှည်သည်းခံချစ်ပြခဲ့တဲ့နောက် ၁၉၉၁ ခုနှစ်အောက်တိုဘာ ၂၅ရက်နေ့မှာလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။သားဖြစ်သူ Aryan ကို ၁၉၉၇ခုနှစ်မှာ မွေးဖွားခဲ့ပြီးသမီးဖြစ်သူ Suhana ကိုတော့ ၂၀၀၀ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ဇနီးဖြစ်သူကိုအတော်လေးချစ်တဲ့အပြင် သားသမီးတွေကိုလည်း သူတို့ဘာသာနှစ်ခုလုံးကိုးကွယ်ခိုင်းထားတာဖြစ်တယ်လို့သိရပါတယ်။ဇနီးဖြစ်သူကို ချစ်တတ်တန်ဖိုးထားတတ်လွန်းတဲ့အပြင်အိမ်ထောင်တစ်ခုကို ၂၇နှစ်နီးပါးကြာအောင် ထိန်းသိမ်းထားနိုင်ဆဲ SRK ရဲ့အချစ်ရေးအချစ်ရာအကြံဉာဏ်တစ်ချို့ကို ပရိသတ်ကြီးအတွက် ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။ချစ်သူစုံတွဲတွေအတွက် Shahrukh Khan မျှဝေပေးခဲ့တဲ့အကြံဉာဏ်တွေကတော့…
*အမျိုးသမီးတစ်ယောက်ကို စကားလုံးနဲ့ရော၊အပြုအမူနဲ့ရော၊စိတ်နဲ့ပါ ဘယ်တော့မှမလေးမစားမလုပ်မိပါစေနဲ့။
*ကိုယ်ချစ်တဲ့သူတစ်ယောက်အတွက် တံခါးဖွင့်ပေးတာမျိုးစတဲ့အသေးအဖွဲလေးတွေကအစအမြဲဂရုစိုက်သင့်ပါတယ်။သူမ မထိုင်ခင်လည်း ဘယ်တော့မှမထိုင်ပါနဲ့။
*အမျိုးသမီးတစ်ယောက်ရှေ့မှာ ဆဲဆိုတာမျိုး၊အနိုင်ကျင့်တာမျိုး ကျွန်တော်ဘယ်တော့မှမလုပ်သလို သူမရှေ့မှာ တစ်ခြားတစ်ယောက်နဲ့သဘောထားကွဲလွဲအငြင်းပွားရန်ဖြစ်တာမျိုးလည်းဘယ်တော့မှမလုပ်ပါဘူး။
*အမျိုးသမီးတစ်ယောက်ကို နူးညံ့စွာပြုမူဆက်ဆံတတ်ဖို့အမြဲသင်ယူပါတဲ့
ဒီအချက်တွေက Shahrukh Khan ကိုယ်တိုင်ကျင့်သုံးခဲ့တာပါ။အခုချိန်ထိလည်း သူ့ရဲ့ဇနီးအပေါ်အချစ်မလျော့သေးပါဘူး။ဒီလိုအချစ်မလျော့ပဲ ဇနီးအပေါ်တန်ဖိုးထားတတ်တာကြောင့်သူတို့ရဲ့အိမ်ထောင်ရေးဟာလည်း နှစ်ဒီလောက်ကြာတဲ့အထိ ခိုင်မြဲနေတာပဲဖြစ်ပါတယ်။
Shahrukh Khan ရဲ့ရုပ်ရှင်ကားတိုင်းဟာအမြဲသင်ယူစရာတစ်ခုခုပါတတ်ပြီး သူကိုယ်တိုင်ကလည်း ယောကျ်ားပီသတဲ့သူတစ်ယောက်လို့ပြောရလောက်အောင်မိသားစုအပေါ်တန်ဖိုးထား၊အလုပ်အပေါ်တန်ဖိုးထားတဲ့သူပါ။ဘယ်လောက်ပဲအလုပ်များများသူ့ရဲ့ပရိသတ်တွေတောင်းတဲ့အချစ်ရေးအကြံဉာဏ်တွေကိုလည်း မကြာခဏဆိုသလို ပြန်ပြီးဖြေပေးအကြံပေးလေ့ရှိတယ်လို့လည်းသိရပါတယ်
Unicode
Bollywood King လို့ပရိသတ်တွေအသိအမှတ်ပြုအားပေးကြတဲ့ နာမည်ကျော်မင်းသား Shahrukh Khan ဟာ အနုပညာလောကမှာတင် ကျွမ်းကျင်တာမဟုတ်ပါဘူး။ချစ်ရေးချစ်ရာကိစ္စတွေမှာလည်းကျွမ်းကျင်တယ်ပြောရမလား။ကျွမ်းကျင်တယ်ဆိုတာထက် ချစ်တတ်တယ်ပဲပြောရမှာပါ။
SRK ဟာဇနီးဖြစ်သူ Gauri Chibber ကို ခြောက်နှစ်တာပိုးပန်းခဲ့ရပါတယ်တဲ့။ခြောက်နှစ်ကြာစိတ်ရှည်သည်းခံချစ်ပြခဲ့တဲ့နောက် ၁၉၉၁ ခုနှစ်အောက်တိုဘာ ၂၅ရက်နေ့မှာလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။သားဖြစ်သူ Aryan ကို ၁၉၉ရခုနှစ်မှာ မွေးဖွားခဲ့ပြီးသမီးဖြစ်သူ Suhana ကိုတော့ ၂၀၀၀ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ဇနီးဖြစ်သူကို အတော်လေးချစ်တဲ့အပြင် သားသမီးတွေကိုလည်း သူတို့ဘာသာနှစ်ခုလုံ းကိုးကွယ်ခိုင်းထားတာဖြစ်တယ်လို့သိရပါတယ်။ဇနီးဖြစ်သူကို ချစ်တတ်တန်ဖိုးထားတတ်လွန်းတဲ့အပြင် အိမ်ထောင်တစ်ခုကို ၂ရနှစ်နီးပါးကြာအောင် ထိန်းသိမ်းထားနိုင်ဆဲ SRK ရဲ့ အချစ်ရေးအချစ်ရာအကြံဉာဏ်တစ်ချို့ကို ပရိသတ်ကြီးအတွက် ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။ချစ်သူစုံတွဲတွေအတွက် Shahrukh Khan မျှဝေပေးခဲ့တဲ့အကြံဉာဏ်တွေကတော့…
*အမျိုးသမီးတစ်ယောက်ကို စကားလုံးနဲ့ရော၊အပြုအမူနဲ့ရော၊စိတ်နဲ့ပါ ဘယ်တော့မှမလေးမစားမလုပ်မိပါစေနဲ့။
*ကိုယ်ချစ်တဲ့သူတစ်ယောက်အတွက် တံခါးဖွင့်ပေးတာမျိုးစတဲ့အသေးအဖွဲလေးတွေကအစ အမြဲဂရုစိုက်သင့်ပါတယ်။သူမ မထိုင်ခင်လည်း ဘယ်တော့မှမထိုင်ပါနဲ့။
*အမျိုးသမီးတစ်ယောက်ရှေ့မှာ ဆဲဆိုတာမျိုး၊အနိုင်ကျင့်တာမျိုး ကျွန်တော်ဘယ်တော့မှမလုပ်သလို သူမရှေ့မှာ တစ်ခြားတစ်ယောက်နဲ့သဘောထားကွဲလွဲအငြင်းပွားရန်ဖြစ်တာမျိုးလည်းဘယ်တော့မှမလုပ်ပါဘူး။
*အမျိုးသမီးတစ်ယောက်ကို နူးညံ့စွာပြုမူဆက်ဆံတတ်ဖို့ အမြဲသင်ယူပါတဲ့
ဒီအချက်တွေက Shahrukh Khan ကိုယ်တိုင်ကျင့်သုံးခဲ့တာပါ။အခုချိန်ထိလည်း သူ့ရဲ့ဇနီးအပေါ် အချစ်မလျော့သေးပါဘူး။ဒီလိုအချစ်မလျော့ပဲ ဇနီးအပေါ်တန်ဖိုးထားတတ်တာကြောင့်သူတို့ရဲ့အိမ်ထောင်ရေးဟာလည်း နှစ်ဒီလောက်ကြာတဲ့အထိ ခိုင်မြဲနေတာပဲဖြစ်ပါတယ်။
Shahrukh Khan ရဲ ့ရုပ်ရှင်ကားတိုင်းဟာ အမြဲသင်ယူစရာတစ်ခုခုပါတတ်ပြီး သူကိုယ်တိုင်ကလည်း ယောကျ်ားပီသတဲ့သူတစ်ယောက်လို့ပြောရလောက်အောင်မိသားစုအပေါ်တန်ဖိုးထား၊အလုပ်အပေါ်တန်ဖိုးထားတဲ့သူပါ။ဘယ်လောက်ပဲ အလုပ်များများသူ့ရဲ ့ပရိသတ်တွေတောင်းတဲ့အချစ်ရေးအကြံဉာဏ်တွေကိုလည်း မကြာခဏဆိုသလို ပြန်ပြီးဖြေပေး အကြံပေးလေ့ရှိတယ်လို့လည်းသိရပါတယ်