“ချစ်သူခင်သူတွေကို ကိုယ်တိုင်ပီဇာလုပ်ကျွေးနိုင်ဖို့ သင်ယူနေတဲ့ နန်းဆုရတီစိုး”
celegabar.com
|
2019-11-24

ကော်ပတ်ရုပ်လေးအလား ထင်မှတ်မှားရတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ နန်းဆုရတီစိုးကတော့ အဘက်ဘက်မှာထူးချွန်ရုံသာမက လက်ရှိမှာလည်း နိုင်ငံခြားအစားအစာတစ်ခုဖြစ်တဲ့ ပီဇာလုပ်နည်းကို သင်ယူတတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ နန်းဆုကတော့ ပီဇာကို သူကိုယ်တိုင်လည်းကြိုက်တဲ့အပြင် သူချစ်တဲ့သူတွေကိုပါ ကိုယ်တိုင်ပြုလုပ်ပြီး ကျွေးချင်လို့ သင်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပထမဆုံးအကြိမ်မှာတင် သင်ပေးသူဆရာမရဲ့ အရမ်းတော်တယ်၊ပီဇာလေးတွေကလှလည်းလှတယ်၊ စားလို့လည်းကောင်းတယ်ဆိုတဲ့ ချီးကျူးစကားတွေကြားရလို့ ပီတိဖြစ်နေသူလေးလည်းဖြစ်ပါတယ်။

နန်းဆုကတော့ စိတ်ထားကောင်းပြီး အလှူအတန်းရက်ရောသူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာ နန်းဆုရဲ့အချစ်ရေးအခြေအနေကတော့ အဆင်မပြေဘူးလို့ထင်ရပြီး ပရိသတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမယ့် ပရိသတ်အချို့ကတော့ ကရုဏာသက်နေကြတာပဲဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ အဆွေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “သေလို့ရတယ်” သီချင်းဟာဆိုရင်လည်း နန်းဆုရဲ့ခံစားချက်တွေကို လှစ်ဟပြထားတယ်ထင်ရလောက်အောင် အဆွေးရိပ်တွေနဲ့ခံစားမှုတွေပြည့်နေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နန်းဆုရတီစိုးဟာ ပွဲပေါင်းများစွာတက်ရောက်နေတာဖြစ်ပြီး သီချင်းတစ်ပုဒ်ချင်းစီထွက်ရှိနိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ အလုပ်တွေနဲ့မအားလပ်တဲ့ကြားထဲက နန်းဆုလေးကတော့ ချစ်သူခင်သူတွေအတွက် ပီဇာလုပ်နည်းသင်တန်းကို တက်ရောက်ခဲ့တာဖြစ်ပြီး ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း နန်းဆုပြုလုပ်ထားတဲ့ ချစ်စဖွယ်မုန့်ပုံလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

Source – Nan Su Yati Soe

Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Some text some message..