စူးရှတောက်ပတဲ့ ညှို့မျက်ဝန်းတွေကြောင့် ပုရိသတွေကြွေနေရသူကတော့ မင်းသမီးချောလေးပက်ထရစ်ရှာပါ။ သူမရဲ့ အပြုအမူလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်နေရတာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
မကြာသေးခင်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပုံရိပ်လေးတွေ တင်ထားတာပါ။ ဒါကတော့ သူမရဲ့အကိုနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေပါ။ ရှာရှာကလည်း " မောင်နှမ ၂ ယောက်မတိုင်ပင်ထားပဲအဝတ်အစားလေး match ဖြစ်တုန်းလေးဓာတ်ပုံရိုက်ဖို့ကိုအတင်းဆွဲခေါ်ရတယ်
၁ ခါကနေ ၂ ခါလောက်ရိုက်ရင်စိတ်မရှည်တဲ့ ချစ်စရာကောင်းတဲ့ ရှာရှာ့ရဲ့အကိုကြီး
ဓာတ်ပုံရိုက်ပြီးပဲပေးဖို့သာစိတ်မရှည်တာ အရာရာမှာတော့
ရှာရှာတို့အငယ် ၂ ယောက်ထပ်စိတ်ရှည်သည်းခံနိုင်တဲ့သူတစ်ယောက်ပါ
အငယ်တွေအပေါ်အမြဲဦးစားပေး အလျှော့ပေးပြီးချစ်တဲ့အကိုကြီး အရမ်းလည်း humble ဖြစ်တဲ့ဘဲကြီးမို့ လူချစ်လူခင်လည်းအရမ်းပေါတာ
ကိုယ်နဲ့များတစ်ခြားစီ
သူကဖြောင့်ဖြောင့်မှန်မှန်နေတဲ့လူတစ်ယောက်
သူ့ lifestyle ကိုသူနေချင်သလိုနေမယ် သူများတွေ judge လုပ်တာကိုသူ့ခေါင်းထဲသိပ်မထည့်ဘူး
သူများတွေရဲ့အထင်တွေ အမြင်တွေကိုဂရုမစိုက်တတ်ဘူး
သူ့ရဲ့ပုံစံကိုဘယ်သူ့ဘယ်သူကြောင့်မှမပြောင်းလဲပစ်ဘူး
အဲ့လိုထားတတ်တဲ့သူရဲ့စိတ်ဓာတ်ကိုသဘောကျတယ် " ဆိုပြီးရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။