အိမ်ထောင်သက်(၁၄)နှစ်လုံးလုံး သစ္စာမပျက်ဘဲအတူရှိနေပေးခဲ့တဲ့ချစ်ခင်ပွန်းကို ကျေးဇူးတင်လိုက်တဲ့ရတနာခင်
myanmarload.com
|
2019-11-26



ရုပ်ရှင်သရုပ်ဆောင်မင်းသမီးချော ရတနာခင်ကတော့ တစ်ခေတ်တစ်ခါက ဇာတ်ကားတွေအများဆုံးရိုက်ကူးခဲ့ပြီး အရမ်းကိုအောင်မြင်ခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ်။ ချောမောလှပတဲ့ရုပ်ရည်လေးနဲ့ ပရိသတ်တွေရဲ့အသည်းကို တဖြုတ်ဖြုတ်ကြွေစေနိုင်ခဲ့တဲ့ ရတနာခင်က အခုချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပြီ ဖြစ်ပါတယ်။ ရတနာခင်က အိမ်ထောင်ကျပြီး မိသားစုနဲ့အတူ သိုက်သိုက်ဝန်းဝန်းနေထိုင်နေတာပဲ ဖြစ်ပါတယ်။






ရတနာခင်က သားချောလေးသုံးယောက်ကို မွေးဖွားခဲ့ပြီး ချစ်ခင်ပွန်းနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ကလေးသုံးယောက်ရဲ့မိခင်ဖြစ်တဲ့ ရတနာခင်ကတော့ ယနေ့အချိန်အထိ ငယ်ငယ်တုန်းကအတိုင်း နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ အခုဆိုရင် ရတနာခင်တို့ဇနီးမောင်နှံက အေးအတူ ပူအမျှ ရွှေလက်တွဲလာခဲ့တာ မင်္ဂလာသက်တမ်း (၁၄) နှစ်တိတိပြည့်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။






ဆင်စွယ်ရတုတိုင်အောင် သစ္စာမပျက်ဘဲချစ်ပေးခဲ့တဲ့ ခင်ပွန်းသည်အတွက် ရတနာခင်က " အိမ်ထောင်သက် (၁၄) နှစ်မှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ချိုတလှည့်ခါးတလှည့် ဖြတ်သန်း ခဲ့ရပေမယ့် မိန်းမအပေါ်မှာ ယနေ့အထိ သစ္စာရှိတဲ့ခင်ပွန်းတယောက်အဖြစ် နေပေးခဲ့ တာ ကျေးဇူးပါယောက်ျားရေ တခြားတန်ဖိုးကြီးတဲ့ Anniversary လက်ဆောင်တွေထက် တန်ဖိုးမဖြတ်နိုင်တဲ့သစ္စာတရားကို ပေးခဲ့တဲ့အတွက်လည်း ဘယ်အရာဝတ္ထုကိုမှ မမက်မောတော့ပါဘူး " ဆိုပြီး ကျေးဇူးတင်စကားဆိုထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရတနာခင်တို့ဇနီးမောင်နှံရဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။






Some text some message..