“ဖေဖေ့ချစ်ခြင်းမေတ္တာတွေကို စံထားပြီး လူကောင်းကိုရွေးချယ်နိုင်ဖို့ သမီးလေးအတွက် ဆုတောင်းပေးလိုက်တဲ့ မေမေစန္ဒီမြင့်လွင်”
celegabar.com
|
2019-11-26

စန္ဒီမြင့်လွင့်ကတော့ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့နဲ့ သွေးသားတော်စပ်တဲ့အပြင် သူကိုယ်တိုင်လည်း အောင်မြင်တဲ့အမျိုးသမီး အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပါသေးတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ သမီးလေးတစ်ယောက်ထွန်းကားခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပရိသတ်တို့ရဲ့ဝန်းရံအားပေးမှုကို ရရှိနေဆဲအနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

မေမေ စန္ဒီမြင့်လွင့်ရဲ့သမီးဦးလေးကတော့ မေမေ့အတိုင်းပဲ ပြည့်ပြည့်လေးနဲ့ ချစ်ဖို့ကောင်းလွန်းတာကြောင့် မွေးကတည်းက ပရိသတ်ကြားမှာရေပန်းစားနေတာဖြစ်ပါတယ်။ သမီးလေး Treasure ဟာအခုချိန်မှာဆိုရင် လေးလကျော်လာခဲ့ပြီဖြစ်ပြီး မေမေရော ဖေဖေရောကတော့ သမီးလေးကိုသဲသဲလှုပ်ချစ်နေကြတာဆိုရင်လည်း မမှားပါဘူး။ မကြာခဏဆိုသလို သမီးအတွက်ဆုံးမစကားလေးတွေ၊ မေတ္တာစကားလေးတွေ တင်လေ့ရှိတာဖြစ်ပြီး ပရိသတ်ကြီးအတွက်လည်း မှတ်သားစရာလေးတွေ မျှဝေပေးလေ့ရှိပါတယ်။

မိခင်တစ်ယောက်ဖြစ်လာပြီးနောက်ပိုင်းမှာ မေမေစန္ဒီမြင့်လွင်ရဲ့ ရင့်ကျက်တဲ့အတွေးအခေါ်နဲ့မှတ်သားစရာစကားလေးတွေကြောင့် ပရိသတ်တွေက သဘောကျနှစ်ခြိုက်နေခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း “ဖေဖေ ဆိုတာသမီးမိန်းကလေးတွေရဲ့ ပထမဆုံးအချစ်၊ အချစ်ဦးတဲ့…မေမေကို ကြင်နာတတ်ပြီး သမီးကို ယုယတတ်တဲ့သူ။ ဒါ့ကြောင့် မေတ္တာတုတွေ၊ ဟန်ဆောင်ချစ်တွေ၊ အတ္တတွေ အပြည့်နဲ့ လောကကြီးမှာ ဖေဖေ့ ချစ်ခြင်းမေတ္တာတွေကို စံထားပြီး လူကောင်းကို ရွေးချယ်တတ်ပါစေ သမီးရေ” ဆိုပြီး သမီးလေးကြီးလာရင် ကြုံတွေ့ရမယ့် လူအမျိုးမျိုးကို နှိုင်းယှဉ်ချင့်ချိန်ပြီး ရွေးချယ်နိုင်စေဖို့ စာလေးနဲ့ရေးသားခဲ့တာဖြစ်ပါတယ်။

Source – Sandi Myint Lwin
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

Some text some message..