သရုပ်ဆောင်မော်ဒယ် ဆောင်းယွန်းစံ က ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ပရိသတ်တွေပိုပြီး သတိထားမိစေခဲ့တာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။မကြာသေးမှီကလည်း ပရိသတ်တွေကြား ဝေဖန်မှုတွေပြငိထန်းခဲ့တဲ့ အဆိုတော် စုံ ရဲ့”တစ်ဦးတည်းသော” သီချင်း MTV မှ ပါဝင်ခဲ့ပြီး
နောက်ပိုင်းမှာတော့ ဆောင်ယွန်းစံတစ်ယောက် သိက္ခာတရားကိုထိပါးစော်ကားခံခဲ့ရပုံကို “ညအချိန်မတော်ဖုန်းဆက်နေတာတွေ ရွံဖို့ကောင်းတဲ့ msg တွေပို့နေတာတွေကို ရပ်တန်းက ရပ်ကြပါတော့ အလကားရတဲ့ simcard တွေနဲ့ ပို့ချင်တိုင်းပို့နေကြတာတွေ.. ပြန်မပြောချင်လို့ msg ရောက်တိုင်းblock တယ် နောက်ဖုန်းတွေနဲ့ဆက်ပို့တယ်.” လို့ ပြောပြထားပါတယ်။အခုလို စော်ကားတဲ့သူတွေကိုတော့ သူဟာ “လူကိုဘယ်လိုမိန်းမထင်နေလဲ.? ဆောင်းယွန်းစံ နောက်ကြောင်းကိုလည်းစုံစမ်းကြည့်ပါဦး.. အိမ်ကိုလည်း တချက်လာကြည့်ပါဦး… နင်တို့ပေးနိုင်ကျွေးနိုင်တာထပ် ငါ့အဖေ ငါ့ကို အဆတရာ သာအောင် ထားနိုင်ပါတယ်..စောစောစီးစီးပြောရတာ ကျက်သရေယုတ်လိုက်တာ..” လို့ သူဟာ တခြားမိန်းကလေးတွေလို့ ငြိမ်ခံနေမှာမဟုတ်ကြောင်း ပြခဲ့ပါတယ်။
ဆောင်ယွန်းစံကတော့ အခုလို စော်ကားနှောက်ယှက်နေတာတွေ ရပ်တန်းကရပ်ဖို့ကို “ဒီရက်ပိုင်းတွေ အဲ့လို msg တွေပို့ ဖုန်းတွေဆက်နေတာကို ဘယ်လိုအရေးယူလို့ရနိုင်ပါသလဲ.? သိရင်ပြောပြကြပါ..အေး ပို့တဲ့သူတွေလည်း ဒီစာဖတ်ပီးရင် ငါဘာလို့ စာပြန်မပို့လဲ လူလိုနားလည်.. နင်တို့ပြောတဲ့ပိုက်ဆံတွေလည်းငါမမက်ဘူး.. ထပ်ပို့ပီး ထပ်နှောင့်ယှက်နေရင် လူကြီးတွေနဲ့တိုင်ပင်ပီး လုပ်သင့်လုပ်ထိုက်တာ လုပ်တော့မယ်နော်..” လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ ပေါက်ကွဲပြီး ရာဇသံပေးနေပါပြီနော်။
Source: Soung Yoon San
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
“သိက္ခာတရားကိုထိပါးစော်ကားကာ နှောင့်ယှက်နေတဲ့ လူတစ်စုကို ရပ်တန်းကရပ်ဖို့ ရာဇသံပေးလိုက်တဲ့ဆောင်ယွန်းစံ”