အနုပညာလောကထဲကို ငယ်ရွယ်စဉ်ကတည်းက စတင်ဝင်လာခဲ့ပြီး ယနေ့ထက်တိုင် ပရိသတ်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ ပက်ထရစ်ရှာ ဟာ ပရိသတ်တွေရဲ့ ပက်ထရစ်ရှာ ရယ်လို့ ဖြစ်လာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ လက်ဦးဆရာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ကို သွားရောက်ကန်တော့ခဲ့ပါတယ်။အခုလို သွားရောက်ကန်တော့ခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူ လက်ဦးဆရာနဲ့ အနုပညာအလုပ်စလုပ်ဖြစ်ခဲ့ပုံကို “ဦးဇော် (အာရုံဦး) နဲ့ အန်တီသီတာတို့ကြောင့် ရှာရှာသိပ်ဖြစ်ချင်ခဲ့တဲ့ ရှာရှာ့ရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ “မင်းသမီး” တစ်လတ်ဖြစ်လာခဲ့တာပါ။ မကြွေပါနဲ့ ဆာကူရာ ကားလေးရိုက်ဖို့အတွက် နိုင်ငံခြားသူမျက်နှာပေါက်လေးလည်းဖြစ်ရမယ် မျက်နှာသစ်မင်းသမီးလေးလည်းဖြစ်ရမယ်။ “Patricia” ဆိုတဲ့ကောင်မလေးနဲ့ဒီဇာတ်လေးနဲ့လိုက်ဖက်တယ်ဆိုပြီး ရှာရှာ့ကိုကမ်းလှမ်းခဲ့တဲ့ အန်တီသီတာကိုကျေးဇူးအများကြီးတင်ပါတယ်။
ကိုယ်စ ရိုက်မယ့်ကားမှာပဲ တကယ်ကိုတော်တဲ့စာရေးဆရာမ မပုညခင်ရဲ့ဝတ္ထုလေးလည်းဖြစ် ဒါရိုက်တာကလည်းတကယ့်ကို talented နိုင်ငံကျော်နာမည်ကြီးဒါရိုက်တာဖြစ်ပြန် တွဲရိုက်ရမယ့်မင်းသားကလည်းကိုယ့်ရဲ့ celebrity crush အကြီးမားဆုံး idol ကြီးဖြစ်နေလို့ ရင်တွေလည်းခုန် အလွန်အမင်းတွေပျော် စိတ်တွေလည်းလှုပ်ရှား ငါလုပ်နိုင်ပါ့မလားလို့ကြိုတွေးပြီးစိုးရိမ်ပူပန်စိတ်တွေကလည်းများ လူကလေပေါ်ကိုလွင့်နေခဲ့တဲ့အချိန်လေးတွေကအမှတ်တရပါပဲ”လို့ ပရိသတ်တွေ ပက်ထရစ်ရှာရယ်လို့ စတင်သတိပြုမိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ဖြစ်ခဲ့ပုံလေးကို ပြောပြထားပါတယ်။သူကတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)နဲ့ရိုက်ခဲ့တဲ့ ‘မကြွေပါနဲ့ ဆာကူရာ’ ၊ ‘ဦးရဲ့အရုပ်’ဇာတ်ကားကောင်းလေးတွေကြောင့် “ပက်ထရစ်ရှာ” ရယ်လို့ဖြစ်လာခဲ့ပြီး ပရိသတ်အချစ်ကိုရရှိခဲ့တာပါလို့ ဆိုထားပါတယ်။
ပတ်ထရစ်ရှာ တစ်ယောက်ကတော့ လက်ဦးဆရာဖြစ်တဲ့ ကိုဇော်(အရုဏ်ဦး)ရဲ့ စေတနာတွေကိုပိုပြီးတန်ဖိုးထားကာ အသက်ရှင်နေသရွေ့ဘယ်တော့မှမမေ့ဘဲ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲနဲ့ကိုအမြဲကျေးဇူးတင်နေမယ့်အကြောင်းကို ” ဦးဇော်ရဲ့စေတနာတွေကိုပိုပြီးတန်ဖိုးထားတတ်လာတယ်
ရှာရှာ့ရဲ့ဘဝမှာ မိဘပြီးရင် ဦးဇော်နဲ့ ကိုရဲထွဋ်ခေါင် တို့ကရှာရှာရိုသေလေးစားရတဲ့ပုဂ္ဂိုလ်တွေပါ
အမြဲမတွေ့ဖြစ်ကြပေမယ့် စိတ်ထဲမှာတော့အမြဲရှိတာအမှန်ပါ ရှာရှာ့အပေါ်ကျေးဇူးရှိခဲ့တဲ့ကျေးဇူးရှင်တွေကိုရှာရှာအသက်ရှင်နေသရွေ့ဘယ်တော့မှမမေ့ဘူး ရင်ထဲကနေလှိုက်လှိုက်လှဲလှဲနဲ့ကိုအမြဲကျေးဇူးတင်နေမှာပါ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာကို CeleGabar ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
Source: Sue Sha Naing
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“”ပက်ထရစ်ရှာ” ရယ်လို့ ဖြစ်လာရတဲ့ လက်ဦးဆရာကိုဇော် (အရုဏ်ဦး)ကို သွားရောက်ကန်တော့ခဲ့တဲ့ ပက်ထရစ်ရှာ”