ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ ဆယ်လီစုံထောက်များရဲ့ ရွေးချယ်မှုကြောင့် မျက်နှာဖုံးချွတ်ပြလိုက်ရတဲ့ The Mask Singer ပြိုင်ပွဲကြီးမှ မျက်နှာဖုံးရှင်ကတော့ ဇီးကွက်မှ ချွတ်ခဲ့ရတာဖြစ်ပြီး ပိုင်ရှင်ကတော့ ဟန်တီပဲဖြစ်ပါတယ်။ဇီးကွက်မလေးကတော့ ကေကေမိုးရဲ့ “ကျွန်မ” သီချင်းကိုသီဆိုခဲ့ကာ ဆယ်လီစုံထောက်တွေဖြစ်တဲ့ ရတနာမိုင်က ဟန်တီ၊ထွန်းထွန်းက ခင်ဝင့်ဝါ၊ခိုင်သင်းကြည်က ဝိုင်းလေး၊ဦးအရိုင်းကတော့ မိုးစက်ဝိုင်း လို့ ခန့်မှန်းခဲ့ကြတာလည်းဖြစ်ပါတယ်။
ဆယ်လီစုံထောက်မလေး ရတနာမိုင်ကရေဲ့ ခန့်မှန်းခဲ့တာ အဖြေမှန်သွားခဲ့တာလည်းဖြစ်ပါတယ်။ယနေ့ညမှာတော့ The Mask Singer ပြိုင်ပွဲကြီးရဲ့ Group B ဖြစ်တဲ့ ဇီးကွက်၊ဇော်ဂျီ၊သီးမွှေးတို့ကယှဉ်ပြိုင်သီဆိုခဲ့တာဖြစ်ပြီ ဇော်ဂျီကတော့ ထူးအယ်လ်လင်းရဲ့ ထာဝရခရီးသည် သီချင်းကိုသီဆိုခဲ့ကာ အောင်လ၊ ဇွဲပြည့်၊ ထူးအယ်လင်း၊ ဖြိုးပြည့်စုံလို့ပြောခဲ့ကြပါတယ်။သီးမွှေးကတော့ ချောစုခင်ရဲ့ “နီးခြင်းဝေးခြင်းပညတ်များ” သီချင်းကိုသီဆိုခဲ့ပြီး စုံထောက်တွေဖြစ်တဲ့ ပိုပိုဟေသာ၊ အိုင်းရင်းဇင်မာမြင့်၊ ဂျင်းနီ၊ ရေဗက္ကာဝင်းလို့ ခန့်မှန်းခဲ့ကြပါတယ်။
The Mask Singer Myanmar ပြိုင်ပွဲမှာ မတူညီတဲ့အနုပညာရှင်(၁၈) ဦးပါဝင်ယှဉ်ပြိုင်ပြီးပရိသတ်များနဲ့ဆယ်လီစုံထောက်များက မျက်နှာဖုံးပြိုင်ပွဲဝင်ဆယ်လီများကိုဖော်ထုတ်ရမှာဖြစ်ပါတယ်။Group A ရဲ့မျက်နှာဖုံးရှင်တွေဖြစ်တဲ့နဂါးနဲ့ဂြိုဟ်သား၊Group B ရဲ့မျက်နှာဖုံးရှင်တွေဖြစ်တဲ့ဇော်ဂျီနဲ့သီးမွှေး တို့က နောက်တစ်ဆင့်ကို ဆက်လက်တက်လှမ်းခွင့်ရခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရေ ဇော်ဂျီနဲ့သီးမွှေးတို့ကရော ဘယ်သူတွေဖြစ်မလဲဆိုတာ ခန့်မှန်းခဲ့ကြဦးနော်။
Source: The Mask Singer Myanmar
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
“ဇီးကွက်မျက်နှာဖုံးနောက်ကွယ် ချစ်စရာမင်းသမီးချောလေး ဟန်တီ”