ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်လူမင်းရဲ့ သားဖြစ်သူ သားသားလေး ဧဝရတ်လူမင်းကတော့ လက်ရှိမှာ ကျောင်းအုပ်ကိုယ်တိုင်က ပေးအပ်တဲ့ “POP”ဆုကြီးကို ရရှိခဲ့ပါတယ်။အခုလို ထူးချွန်ပြီး ထက်မြက်တဲ့ သားသားလေး ဧဝရတ်လူမင်းအတွက်ကို ဖေဖေလူမင်းက ဂုဏ်ယူဝမ်းသာမဆုံးဖြစ်နေပြီး အခုလို ဆုရရှိခဲ့တဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။
ပြီခဲ့တဲ့ လအနည်းငယ်လောက်တုန်းကလည်း လူမင်းရဲ့ သမီးကြီးဖြစ်တဲ့ ဧရာဝတီလူမင်းဟာ သူရဲ့ ကျောင်းမှာ ချစ်ခင်လေးစားရတဲ့လူတစ်ယောက်ရဲ့ အကြောင်းကို Presentation လုပ်ဖို့ခိုင်းခဲ့တဲ့ အချိန်မှ လူကြီးမိဘတွေရဲ့ တိုက်တွန်းမှုမပါဘဲ ကိုယ်တိုင်က စိတ်ကြိုက်ရွေးချယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို Presentation ပြုလုပ်ခဲ့တာကြောင့်လည်း ဂုဏ်ယူပျော်ရွှင်ခဲ့ပါသေးတယ်။
လူမင်းရဲ့ သားဖြစ်သူနဲ့ သမီးဖြစ်သူတို့ဟာ ပညာရေးဘက်မှာ ထူးချွန်ထက်မြက်တဲ့အပြင် လိမ္မာရေးခြားရှိတဲ့ ကလေးတွေဖြစ်ကြတာကိုလည်း ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ဘာသာရေးနဲ့ ပတ်သက်လာရင်လည်း ရိုသေကိုင်းရှိုင်းလွန်းတာကြောင့် ပရိသတ်တွေကတောင် ချစ်ခင်နေရတာလည်း အမှန်ပါ။CeleGabar ပရိသတ်ကြီးရေ ထူးချွန်ပြီးထက်မြတ်တဲ့ လူမင်းရဲ့ သားနဲ့ သမီးအတွက် ဂုဏ်ပြုစကားလေးတွေပြောသွားပေးပါဦး။
Source – Ayarwady Lu Min
CleoPaTra – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။
“ကျောင်းအုပ်ကိုယ်တိုင်ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့တဲ့ ဧဝရတ်လူမင်း”